စာချစ်သူမှတဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
ကွန်ပျူတာအင်တာနက် ဖုံန်းစတဲ့အိုင်တီနဲ့ပတ်သက်တာမှန်သမျှ ကျနော်တို့မြန်မာစာနဲ့ ထွက်လာတယ်ဆိုတာ
တော်တော်လေးကို ရှားပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်စာပေနဲ့ အရာရာတိုင်းကို
ရှိနေချင်ကြတာသဘာဝပါပဲ။ကမ္ဘာမှာဘယ်ဘာသာစကားကိုအဓိကသုံးစွဲရမယ်လို့ သတ်မှတ်ချက်မရှိပေမယ့်
အင်အားကြီးတဲ့ ဘာသာစကားကို သုံးနေကြတာ အထင်အရှားပါ။ ကျနော်လဲ လူထဲက လူတစ်ယောက်မို့
ကျနော်တို့မြန်မာစာ မြန်မာစကားကိုနေရာတိုင်းမှာရှိနေစေချင်တဲ့ ဆန္ဒရှိနေပါတယ်။ အဲဒါကြောင့် ဖုံးအလကား
ခေါ်ဆိုလို့ လွယ်ကူတဲ့ စမတ်ဖုံးများမှာ အသုံးပြုနေတဲ့ Viber Application ကို မြန်မာမှု ပြုလိုက်ပါတယ်။
အကောင်းကြီးတော့ မဟုတ်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစား လုပ်ထားပါတယ်။ အင်္ဂလိပ်အက္ခရာများနဲ
ရင်းနှီးနေပြီးသားသူများအတွက် ကြည့်ရတာ မျက်စိနောက်ကောင်းနောက်ပေမဲ့ မြန်မာလူမျိုး များအတွက်
တစ်ချို့ကို Language Data အခက်အခဲကြောင့် မြန်မာလို မပြန်ဘဲဒီတိုင်း ထားခဲ့ရပါတယ်၊ အဒီအတွက်လဲ
ထပ်ပြီး တောင်းပန်ပါရစေ...နောက်ထွက်မည့် ဗားရှင်းအသစ်တွေမှာ ကောင်းသထက်ကောင်းအောင် ကျိုးစားပါ့မယ်။
အခုထွက်လာတဲ့ Viber မြန်မာဗားရှင်းက နောက်ဆုံးထွက် ဗားရှင်းဖြစ်ပြီး iPhone Jailbreakလုပ်ပြီးသား
မြန်မာဖောင့် ရှိမှသာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Jailbreak မလုပ်ရသေးတဲ့ဖုံးများမျာအသုံးပြုလို့မရနိုင်သေး
ပါဘူး။ သုံးရင်လဲ မြန်မာဖောင့်က အတုံးတုံးလေးတွေပဲ ပေါ်နေမှာဖြစ်ပါတယ်။ နောက်ထပ် ကောင်းမယ်အသုံး
များမယ်ထင်တဲ့ Application များကို မြန်မာမှုပြုနိုင်အောင် ကြိုးစားနေပါတယ်။ တစ်ခုခုအမှားအယွင်းတွေ့ရှိ
လျင် ကျနော့်လိုအပ်ချက်သာ ဖြစ်ပါကြောင်း။ ကျနော် လုပ်ထားတဲ့ Viber မြန်မာဗားရှင်း နဲ့ ပတ်သက်ပြီးဝေဖန်
အကြံပြုချက်များကို လက်ခံသွားမည်ဖြစ်ပါတယ်ခင်ဗျား။
Viber မြန်မာဗားရှင်း ဖြစ်ပေါ်လာအောင် အကူညီပေးခဲ့တဲ့ အကို ကိုဧချမ်း (US) ဒီနေရာကနေ အထူးပဲ
ကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ....။
IPA ဖိုင်ကို iPhone ထဲကို Install လုပ်နည်းကို ဒီနေရာမှာ ရေးပြီးခဲ့ပါပြီ။
http://thetnainglin.blogspot.com ကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
လင့်သေနေတာတွေ့ရင် ကွန်မန့်ပေးခဲ့ပါအုန်း။နောက်လူအတွက်အခက်အခဲမရှိတော့ဘူးပေါ့။
No comments:
Post a Comment