..စမ်းသပ်ခြင်းဖြစ်နေလို့ ကိုယ်ပိုင်းပိုစ့်တဗုဒ်မှမပါဘူးခင်ဗျာ တဆင့်ပြန်ရှယ်တာမို့ သီးခံအကြံပေးကျပါခင်ဗျာ ချမ်းမြေ့ပါစေ


လာရောက်လည်ပတ်သူအားလုံးကိုဗေဒါအိုင်တီနည်းပညာစမ်းသပ် ခြင်းမှအထူးကျေးဇူးတင်ရှိပါတယ်ခင် ဗျာ



glitter-graphics.com
glitter-graphics.com
Showing posts with label စော့ဝဲလ်. Show all posts
Showing posts with label စော့ဝဲလ်. Show all posts

Saturday, March 9, 2013

SOFTWARE တွေကို LICENSE VERSION ဖြစ်အောင် လုပ်နည်းများ




လိုင်စင် version ဖြစ်အောင် လုပ်နည်း (၄)နည်းရှိပါတယ်. serial, patch, crack, keygen မသုံးတတ်တဲ့သူများအတွက် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်. ဒီ video ဖိုင် (၄) ဖိုင်ဟာ လူတိုင်းအတွက် မသိမဖြစ် သိထားရမယ့် အရာတွေဖြစ်ပါတယ်. software တစ်ခု download လုပ်လို့ရလာပြီဆိုရင် ဒီ(၄)နည်းထဲက တစ်နည်းနည်းနဲ့လာမှာ ဖြစ်ပါတယ်. အဲ့ဒါကြောင့် ၄ နည်းစလုံးကို နားလည်ထားရင် ဘာနဲ့ပဲလာလာ license version ဖြစ်အောင်လုပ်နိုင်သွားပြီ ဖြစ်ပါတယ်. အဲ့လေးနည်းကတော့

(၁) serial number ဖြင့် license version ဖြစ်အောင်လုပ်နည်း။
(၂) keygen ဖြင့် license version ဖြစ်အောင်လုပ်နည်း။
(၃) Crack ဖြင့် license version ဖြစ်အောင်လုပ်နည်း။
(၄) Patch ဖြင့် license version ဖြစ်အောင်လုပ်နည်း။

အဲ့(၄)နည်းကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သွားရင် license version ဖြစ်အောင် တစ်နည်းမဟုတ် တစ်နည်းနဲ့ လုပ်လို့ တတ်သွားပါလိမ့်မယ်. ဘယ်လိုလုပ်ရတယ်ဆိုတာကို ပုံတွေနဲ့ ရှင်းပြနေရင် ရှုပ်နေမှာစိုးလို့ video file နဲ့ ရှင်းပြထားပါတယ်. အဲ့ဖိုင်တွေဟာ တကယ်တော့ ကျွန်တော့် သင်တန်းသားတွေအတွက် tutorial ရှင်းပြထားတဲ့ သင်ခန်းစာလေးတွေပါ. ၀ဘ်ဆိုက်က ပရိတ်သတ်များအတွက် အကျိုးရှိမယ်ထင်လို့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်. အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ်. video file ကို အသံနဲ့ ပါ ပေါင်းပြီးရှင်းပြထားတာ ဖြစ်တဲ့အတွက် အားလုံးပဲ နားလည် လိမ့်မယ်လို့ မျှော်လင့်ပါတယ်.

(၁) serial number ဖြင့် license version ဖြစ်အောင်လုပ်နည်း (video tutorial)
Download ifile | Mediafire | Mirrorcreator

(၂) keygen ဖြင့် license version ဖြစ်အောင်လုပ်နည်း (video tutorial)
Download ifile | Mediafire | Mirrorcreator

(၃) Crack ဖြင့် license version ဖြစ်အောင်လုပ်နည်း (video tutorial)
Download ifile | Mediafire | Mirrorcreator

(၄) Patch ဖြင့် license version ဖြစ်အောင်လုပ်နည်း (video tutorial)
Download ifile | Mediafire | Mirrorcreator

Wednesday, March 6, 2013

မိတ်ဆွေတို့ ရဲ့ File တွေကို ခွဲစိပ်မယ် ပြန်ပေါင်းမယ်။



            မိတ်ဆွေတို့ရဲ့ File တွေကို အပိုင်းပိုင်းခွဲမယ်(Split) ၊ ခွဲထားတဲ့ File တွေကို ပြန်ပေါင်းမယ်(Join)
လုပ်ချင်တယ်ဆိုရင် အသုံးဝင်မယ် Software လေးပါ။ 197KB သာရှိတဲ့အတွက် သေးသေးကလေးပါ။
ငယ်သာငယ် အထင်တော့မသေးနဲ့ဗျို့။ တကယ်ကို အသုံးဝင်တဲ့ ကောင်လေးပါ။ 

          ကဲ စပြီးစမ်းပြမယ်ဗျာ။ ပထမဆုံး Split ပိုင်းတာလေးကို စမ်းပြပါ့မယ်။ HJ-Split Softwareလေးကို
Double Click နှိပ်ပြီး ဖွင့်လိုက်ရအောင်လားဗျာ။
             ပုံမှာတွေ့ရသလို Software လေးပွင့်လာရင် ကျနော်တို့က ပိုင်းမှာမို့လို့ Split ကိုနှိပ်ပေးပါ၊

               File Split Box လေးကျလာရင် Input File ကိုနှိပ်ပြီး မိတ်ဆွေပိုင်းလိုတဲ့ File ကိုရွေးပေးပါ။
Output နေရာမှာတော့ မိတ်ဆွေသိမ်းလိုတဲ့နေရာကို ရွေးပေးနိုင်ပါတယ်။မရွေးချင်လို့ Default ထားလို့
လည်းရပါတယ်။ Split file size နေရာမှာတော့ မိတ်ဆွေပိုင်လိုတဲ့ Size ကိုရွေးပါ။ဘေးက drop down
arrow လေးနဲ့ Kbytes , Mbytes ချိန်းလို့ရပါတယ်။ဥပမာအနေနဲ့ 300MB ရှိတဲ့ File ကို 6ပိုင်း ပိုင်းချင်
တယ်ဆိုရင် Split file size နေရာမှာ 50 လို့ရိုက်ပြီး နောက်က Mbytes လို့ရွေးပေးလိုက်ရင်ရပါပြီ။
အကုန် setting ချပြီးသွားရင် Start ကိုသာနှိပ်လိုက်ဗျာ။

               Working ဆိုရင် 100% ပြီးတဲ့အထိ စောင့်နေရုံပါပဲ။ 300 MB ဆိုရင် ၃မိနစ်လောက်ပဲကြာ
ပါတယ်။

                 Splitting completed ဆိုရင်တော့ မိတ်ဆွေရဲ့ ပိုင်းခြင်း(Split) လုပ်ငန်းစဉ်အောင်မြင်ပါပြီ။
Output လမ်းကြောင်းထဲမှာ မိတ်ဆွေပိုင်းထားသည်များကိုတွေ့ရမှာပါ။ ဥပမာ - The Kid(1921).avi.001,
The Kid(1921).avi.002,.........,.........,.........,The Kid(1921).avi.007 လိုမျိုးတွေ့ရပါလိမ့်မယ်။
Connection ကျနေချိန်မှာ Upload လုပ်လိုတဲ့ မိတ်ဆွေများ အတွက်အဆင်ပြေပါလိမ့်မယ်။ 

                  ဒုတိယအနေနဲ့က ပေါင်းမယ်ဗျာ။ပေါင်းမယ်ဆိုတော့ Join  ကိုသာနှိပ်လိုက်ဗျာ။ 

            File Join Box လေးကျလာရင်တော့ Split တုံးကလိုပဲ Input File ကိုနှိပ်ပြီး File ကိုစရွေးနိုင်
ပါတယ်။ Split နဲ့မတူ တာကတော့ ရွေးတဲ့File ဟာ        .001 နဲ့ ဆုံးတဲ့ File မျိုးဖြစ်ဖို့လိုပါတယ်။
ဥပမာ - The Kid(1921).avi.001 လို file မျိုးပါ။ အားလုံးရွေးပြီးရင်တော့ Start ကိုသာနှိပ်လိုက်ဗျာ။
 Working ဆိုရင် ခဏလေးသာစောင့်ဗျာ။ Join တာက အရမ်းမြန်ပါတယ်။
             Joining Complete ဆိုရင်တော့ ပေါင်းခြင်း အောင်မြင်ပါပြီ။ Output လမ်းကြောင်းမှာ သွားယူလိုက်ရုံပါပဲ။ကျန်တာတွေတော့ မိတ်ဆွေတို့စမ်းကြည့်လိုက်တော့နော်။ကျနော် လေရှည်တာ
နည်းနည်းများသွားပြီထင်တယ်။

ကဲဗျာ ဒီ HJ-Split လေးကိုလိုချင်သူများ http://www.mediafire.com/?q2m8ux7779r8i9u နဲ့
https://www.dropbox.com/s/r3uf1m52cuyfjji/hjsplit.exe?m မှာ Download ယူနိုင်ပါတယ်။

" အားလုံး အဆင်ပြေကြပါစေ "
 
Related Posts Plugin for WordPress, Blogger...