..စမ်းသပ်ခြင်းဖြစ်နေလို့ ကိုယ်ပိုင်းပိုစ့်တဗုဒ်မှမပါဘူးခင်ဗျာ တဆင့်ပြန်ရှယ်တာမို့ သီးခံအကြံပေးကျပါခင်ဗျာ ချမ်းမြေ့ပါစေ


လာရောက်လည်ပတ်သူအားလုံးကိုဗေဒါအိုင်တီနည်းပညာစမ်းသပ် ခြင်းမှထူးကျေးဇူးတင်ရှိပါတယ်ခင် ဗျာ



glitter-graphics.com
glitter-graphics.com

Saturday, December 22, 2012

Read More လုပ်နည်းအလွယ်ဆုံး နည်းလမ်းသုံးမျိုး




                    ဒီ Post ကို တင်စရာမလိုဘူးလို့ ထင်ထားတာပါဗျာ။ ဒါပေမယ့် Ko Htun Linn က Post
တော်တော်များများမှာ Comment ၀င်ရေးပြီး တင်ပေးပါလို့ တောင်းထားလို့ Ko Htun Linn အပါအ၀င်
ဒီနည်းလမ်းကို မသိသေးသော သူငယ်ချင်းတော်တော်များများ အသုံးပြုနိုင်အောင် မျှဝေပေးလိုက်ပါတယ်
ကျွန်တော်လည်း နားလည်နေသူတစ်ယောက်တော့မဟုတ်ပါဘူးဗျာ။ ဆရာသမားတွေကို လိုက်မေးပြီး
ဟိုစမ်းဒီစမ်းနဲ့ အဆင်ပြေနေတာပါ။ တက်ယောင်ကန်းပေါ့ဗျာ။ ဒီနည်းလမ်းကလည်း ညီကိုလိုလည်းနေ
တဲ့ ကိုအေးလွင်ကြီး သင်ပေးထားတဲ့ နည်းလမ်းတစ်ခုပါဝင်ပါတယ်ဗျာ။အောက်မှာ ကြည့်လိုက်ပါဦးဗျာ။
နည်းလမ်း 2 နဲ့ 3 ကပိုပြီး အဆင်ပြေနိုင်ပါလိမ့်မယ်။ 

Wednesday, December 12, 2012

Folder Lock 7.0.6



23 Aug 12, 01:43 AM
ကျော်မင်းဦး: မင်္ဂလာပါ အကို ကျနော် foder တွေကိုလော့ချတဲ ဆော့ဝဲလေးလိုချင်ပါတယ် တချက်လောက်တင်ပေးပါလား ကျေဇူးပြုီ့ပေါ့
Folder Lock ချတဲ့ ဆော့ဖ်ဝဲလေးကို တောင်းထားတဲ့သူရှိလို့ အရင်တင်ပေးလိုက်ပါတယ်..။ တခြားတောင်းထားတဲ့ ဆော့ဖ်ဝဲများကိုလည်း စမ်းသုံးကြည့်ပြီး အဆင်ပြေရင် တင်ပေးပါအုန်းမယ်..။ ဒီကောင်လေးကို ဘယ်လိုသုံးလဲဆိုတာ အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်.. မသုံးတတ်တဲ့ သူများအတွက်ပါ.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ လိုအပ်တဲ့သူများတော့ အောက်ကလင့်တွေ ကနေဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7.7 MB ရှိပါတယ်..။

Folder Icon Lock ကျနေရင် ဖြေရှင်းနည်း



Folder Icon တွေမှာ Lock ကျနေရင် ဒီနည်းလေးနဲ့ ဖြေရှင်းကြည့်ပါ..။ မနေ့တနေ့က Cbox မှာ အစ်ကို thuyein မေးထားတာလေးပါ..။ လုပ်နည်းကလွယ်ပါတယ်..။ အဆင့်လည်း သိပ်မများဘူ..။ အရင်ဆုံး Lock ကျနေတဲ့ Folder icon လေးပေါ်မှာ Right Click ထောက်ပါ..။ ပြီးရင် Properties  ကို သွားပါ..။ ကျန်တာတွေကိုတော့ အောက်ကပုံလေးတွေမှာ ဆက်ကြည့်လိုက်ပါ..။

Windows7 တင်နည်းလေ့ကျင့်ခန်းနှင့် Format ချနည်း Partition ပိုင်းနည်း



ဒီတခါတော့ ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့် အောက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက် မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့ ကောင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ ဒါကိုတော့ နားလည်ပေးကြပါဗျာ..။

Windows7 တင်ပြီးတဲ့အခါ Driver တွေကို ဘယ်လို Restore ပြန်လုပ်မလဲ



15 Aug 12, 05:37 PM
မိုးဇော်: အစ်ကို ဘလော့ က ၀င်ဒိုး တင်ပုံတင်နည်းကို ကြည့်လုပ်လိုက်လို့ ပြီသွားပါပြီ . ခက်နေတာက driver ထည့်ကြည့်လိုက်တော့ songs ဘောက်က အသံမလာ ခက်တာက အစ်ကို မကူညီဘူးဆိုရင် ဘယ်လိုမှ လုပ်လို့မရတော့ဘူး အစ်ကို
13 Aug 12, 06:17 AM
aphi: driver restore လုပ်နည်းလေးတင်ပေးပါအုံး စောင့်မျှော်နေပါတယ်
high 14 July 2012 23:09
back up တော့လုပ်လို့ရပါတယ်ဗျာ ပြန်ပီး ဘယ်လို restore မလုပ်တတ်လို့ ရှင်းပြပေးပါလား ကျေးဇူးတင်ပါတယ်
ဒီပိုစ့်ကို တင်ပေးဖို့ ချိန်နေတာ ကြာပါပြီ..။ အခုလို လိုအပ်တဲ့သူများ ရှိတဲ့ အချိန်ကျမှ တင်ပေးဖို့ စိတ်ကူးထားလို့.. မနေ့က Cbox မှာ မေးထားတဲ့ အစ်ကိုတွေနဲ့ အရင်ရက်က Driver Backup လုပ်ထားပြီးသားကို ဘယ်လို Restore ပြန်လုပ်ရမလဲလို့ မေးခဲ့ဖူးတဲ့ အစ်ကိုတွေ ရှိလာလို့  ဒီနေ့မှ ဒီပိုစ့်ကို တင်ပေးလိုက်တာပါ.. ဒါမှလည်း လတ်တလော လိုအပ်နေတဲ့ သူတွေအတွက် ပိုပြီးအကျိုးရှိမယ်လို့ ထင်မိလို့ပါ..။ 

Windows7 မှာ System Restore ကို အသုံးပြုတတ်အောင်လို့



ဒီနည်းလေးကို အားလုံးပဲ သိသင့်တယ်ထင်လို့ ဒီနေ့ဒီပိုစ့်လေးကို ရေးလိုက်ရပါတယ်..။ အခုဒီနည်းက Backup Files လုပ်မထားတဲ့ စက်တွေမှာ အလွယ်သုံးတဲ့ နည်းလေးပါ..။ များသောအားဖြင့် ရတတ်သလို ၊ လုပ်မရတဲ့ အခါများလည်း ရှိပါတယ်..။ ကျနော်တို့ရဲ့ ကွန်ပျူတာမှာ ဆော့ဝဲလ်တွေကို အမြဲသွင်းလိုက်၊ ထုတ်လိုက် လုပ်နေတဲ့ အခါမှာ System Restore Point တွေဟာ များများလာပါတယ်..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်တွေက သူတို့ကို သွင်းလိုက်တဲ့ အချိန်မှာ Restore Point တွေဖြစ်ပေါ်လာအောင် ကွန်မန်းတွေ ပါလာလို့ပါ..။ ဒါပေမယ့် တချို့ဆော့ဝဲလ်တွေကျတော့ ရှိပြီးသား Restore Point တွေကို ဖျက်ပစ်ပြီး ဒီဆော့ဝဲလ်ကို သွင်းတဲ့ အချိန်ကိုပဲ Restore Point မှာမှတ်ထားပါတယ်..။ တချို့ဆော့ဝဲလ်တွေ ကျပြန်တော့ ရှိပြီးသား Restore Point တွေအားလုံးကို ဖျက်ပစ်လိုက်ပါတယ်..။ အဲလိုဆော့ဝဲလ်မျိုးနဲ့ ကြုံခဲ့ရင်တော့ Restore Point ကို ပြန်ရှာလို့ မရနိုင်ပါဘူး..။ ဒီပိုစ့်မှာတော့ Restore Point တွေအများကြီး ရှိတဲ့ အထဲက.. တခုနဲ့ မရရင် တခုပြောင်းပြီး လုပ်တတ်အောင်လို့ ပြပေးသွားမှာ ဖြစ်ပါတယ်..။ စက်လေးလာတဲ့ အခါမျိုး၊ ဝင်းဒိုးပျက်တဲ့ အခါမျိုး၊ Error အမျိုးမျိုးကြောင့် ဘယ်ပရိုဂရမ်မှ ဖွင့်သုံးလို့ မရတော့တဲ့ အခြေနေမျိုးတွေမှာ.. စက်ကိုပြန်ကောင်းလာစေဖို့.. လေးနေရာကနေ ပြန်ပြီးသွက်လက်လာစေဖို့ ဆိုရင် System Restore ကိုအသုံးပြုတတ်ကြပါတယ်..။ System Restore ဆိုတာ စက်ကောင်းနေတဲ့ အချိန် လွန်ခဲ့တဲ့ တပါတ်၊ တစ်လ ဒါမှမဟုတ် ၃၊၄ လလောက်အချိန်ထိ ပြန်ဆုတ်ပေးနိုင်ပါတယ်.. နာရီ၊ နေ့ရက် အချိန်တွေကတော့ ဒီနေ့ဒီအချိန်တိုင်း ရှိနေမှာပါ..။ ဒါကြောင့်ဒီနည်းလေးကို ကွန်ပျူတာရှိတဲ့လူတိုင်း တတ်ထားသင့်ပါတယ်..။ တော်ယုံ Error လောက်ကို ဆိုင်မှာသွားပြစရာမလိုပဲ မိမိတို့ ဖာသာ ဖြေရှင်းနိုင်ပါလိမ့်မယ်..။

Windows နှစ်ခုတင်ထားတဲ့စက်တွေမှာ တစ်ခုကိုဘယ်လို ဖြုတ်မလဲ



18 Aug 12, 07:39 AM
tanyawzinaungaung@gmail.: window7 ပဲ ၂ ခုကြီးဖြစ်နေလို.....၁ ခုကို ထုတ်ပြစ်ချင်ပါတယ်....ဘယ်လို လုပ်၇မလဲ...edit လုပ်တဲ.နေရာ ရှာမတွေ.လို.ပါ......ကျေးဇူးပြုပီး ဖြေကြားပေးပါနော်
ဒီလိုမေးထားတာ ဒါပါနဲ့ဆို သုံးယောက်လောက် ရှိပြီထင်ပါတယ်.. အရင်မေးခဲ့တဲ့သူတွေတုန်းက ပြန်မဖြေဖြစ်ခဲ့ဘူး.. ဘာလို့လဲဆိုတော့ လုပ်စရာတွေများနေလို့ ဒီနည်းကို မစမ်းသပ်ရသေးပဲ ရမ်းသမ်းပြီး မပြောရဲလို့ပါ..။ ဒီနေ့တော့ ကိုယ်တိုင်စမ်းသပ်ပြီးမှ အဆင်ပြေလို့.. (ဒီနေ့တော့ ကျနော့်စက်မှာ ဖြုတ်လိုက်တဲ့ ဝင်းဒိုးကို အသစ်ပြန်တင်ရတော့မှာပါ..) ဒီလုပ်နည်းကို ပြန်လည်မျှဝေလိုက်ပါတယ်.. Windows7 နှစ်ခုပဲ ဖြစ်ဖြစ်၊ သုံးခုပဲဖြစ်ဖြစ် ဒီနည်းနဲ့ ဖြုတ်ပစ်လို့ ရပါတယ်..။ ကျနော့်စက်မှာ Windows8 နဲ့ဆို ဝင်းဒိုးသုံးခု တင်ထားတာပါ..။ အခု ဝင်းဒိုးတစ်ခုပဲ ရှိပါတော့တယ်..။ ဒီနည်းနဲ့ မလုပ်ခင် ကျနော် ဝင်းဒိုးဖွင့်ထားရင်းနဲ့ အထဲက ဝင်းဒိုးရဲ့ Drivers တွေရှိတဲ့နေရာ၊ Partition ခွဲတဲ့ နေရာကနေ ဝင်ပြီး Format ချကြည့်ပါသေးတယ်..။ အဆင်မပြေပါ.. နောက်ထပ်လုပ်လို့ ရမယ်ထင်တဲ့ နေရာတွေကနေ လျှောက်စမ်းကြည့်သေးတယ်..။ မရပါဘူး..။ အခုဒီနည်းကို ကျနော်စဉ်းစားရင်းနဲ့မှ စမ်းသပ်ပြီး အောင်မြင်လို့ ပိုစ့်အဖြစ် ပြန်လည်တင်ပေးလိုက်ပါတယ်..။ မနေ့က Cbox မှာ ရေးခဲ့တဲ့အစ်ကိုနဲ့ တခြား ဒီလိုလုပ်ချင်နေတဲ့ သူများအတွက် အမြန်ဆုံး အဆင်ပြေအောင် ဒီပိုစ့်ကို ဒီနေ့ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကမခက်ပါဘူး.. ဒါပေမယ့် Windows7 ပဲဖြစ်ဖြစ်၊ Windows Vista ပဲဖြစ်ဖြစ်၊ XP ပဲဖြစ်ဖြစ် ဝင်းဒိုးခွေတခွေရှိဖို့ လိုအပ်ပါတယ်..။ အခွေမဟုတ်ရင်လည်း Boot တက်တဲ့ ဝင်းဒိုးခွေ ထည့်ထားတဲ့ USB တချောင်း လိုအပ်ပါတယ်..။ ဒါမှ ဒီနည်းကို အသုံးပြုလို့ ရမှာပါ..။ ဘာလို့လဲဆိုတော့ ဝင်ဒိုးတင်တဲ့ အတိုင်း သွားပြီး Hard Disk ကိုအပိုင်း ခွဲတဲ့နေရာ၊ Format ချတဲ့ နေရာကို ရောက်မှ မိမိတို့ဖျက်ချင်တဲ့ ဝင်းဒိုးရှိတဲ့ Partition အပိုင်းကို ဖျက်ပစ်မှာပါ.. Windows တင်ဖူးတဲ့သူများကတော့ ဒီလောက်ပြောရင်ကိုပဲ လုပ်တတ်နေလောက်ပါပြီ..။ ဝင်းဒိုးမတင်ဖူးသေးတဲ့ သူများနဲ့ တခြားမလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ပြထားပေးပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာဆက်ကြည့်ပေးပါ..။

အရင်ဆုံး မိမိတို့ ကွန်ပျူတာကို ဖွင့်ပါ.. ပြီးရင် မိမိတို့ ဖျက်ပစ်ချင်တဲ့ ဝင်းဒိုးရှိတဲ့ Partition အပိုင်း (C:)(D:)(E:)(F:) တွေရဲ့ GB ကိုအရင်မှတ်ထားပါ..။ ဘယ် Drive က ဘယ်လောက် GB ရှိလဲဆိုတာ 50 GB, 60 GB စသဖြင့် အရင်မှတ်ထားပါ..။ မိမိတို့ ဖျက်ပစ်ချင်တဲ့ ဝင်းဒိုးတင်ထားတဲ့ အပိုင်းကို အဓိက မှတ်သားထားပါ..။ ပြီးရင် ဝင်းဒိုးခွေ ထည့်ပါ..။ ဒါမှမဟုတ် ဝင်းဒိုးထည့်ထားတဲ့ Boot တက်တဲ့ USB ကို USB ပေါက်မှာ တပ်ပါ..။ ပြီးရင် စက်ကို Restart ချပေးပြီး မိမိတို့ စက်ရဲ့ Boot မီနူးထဲကို ဝင်တဲ့ ကီးဘုတ်မှ F2, F12, Del မိမိတို့စက်ပေါ်လာတဲ့ စာသားအတိုင်း နှိပ်ပြီး ဝင်သွားလိုက်ပါ..။ အဲထဲမှာ ဝင်းဒိုးခွေအတွက်ဆို CD/DVD ကို ရွေးပါ.. USB နဲ့ဆို USB ဆိုတဲ့ စာသားကို ရွေးပေးပြီး F10 >> Enter ခေါက်ပြီး ဝင်းဒိုးခွေထဲကို ဝင်သွားလိုက်ပါ..။ အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. ပေါ်လာတဲ့ ဘောက်စ်လေးတွေမှာ အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့်နှိပ်သွားလိုက်ပါ..။

Original Windows ဟုတ်၊မဟုတ် ဘယ်လို စမ်းစစ်မလဲ - Original Windows တွေမှာ Recovery Partation ကို Restore လုပ်နည်း


စာများလို့ စိတ်မညစ်ပါနဲ့ - ဗဟုသုတနဲ့ နည်းပညာလိုချင်ရင် စာများများဖတ်ပါ


ကျနော်ဒီလို ပိုစ့်လေးတွေကို တင်ပေးချင်နေတာ ကြာပါပြီ.. ဒါကတော့ ဗဟုသုတအတွက်ရော၊ မိမိတို့ကွန်ပျူတာမှာ မူရင်း(Original)ဝင်းဒိုး ဟုတ်မဟုတ်အတွက်ပါ.. စမ်းစစ်လို့ ရမယ့် နည်းလေးပါ.. တချို့က မိမိအသုံးပြုနေတဲ့ ဝင်းဒိုးဟာ မူရင်းလား.. ကော်ပီလားဆိုတာတောင် မသိကြပါဘူး.. ဒီလိုပဲ သုံးနေကြတာ သူများ Partation အပိုင်းခွဲဆိုခွဲတာပဲ၊ သူများက ဟတ်ဒစ်ကို Format ချဆိုချတာပဲ..၊ မိမိတို့ဝင်းဒိုးဟာ ဆိုင်ကဝယ်ကတည်းက ပါလာတဲ့ ကုမ္ပဏီက ထည့်ပေးလိုက်တဲ့ မူရင်းဝင်းဒိုးဆိုရင်တော့ Format ချတာတို့ ၊ Partation ခွဲတာတို့ လုပ်တာ အများကြီး သတိထားရပါတယ်.. ဘာလို့လဲဆိုတော့ ဟတ်ဒစ်အပိုင်းထဲမှာ မူရင်းဝင်းဒိုးအတွက် Recovery လုပ်ထားပေးတဲ့ Hidden Partition လို့ခေါ်တဲ့ Recovery Partation အပိုင်းကို မှားပြီး မဖျက်မိဖို့ပါပဲ.. မိမိတို့ဝင်းဒိုးဟာ အသုံးပြုတာ ကြာလာလို့ ဘယ်လောက်ပဲ ပျက်ပျက် ဒီမူရင်း ဝင်းဒိုးအတွက် Hidden Partition ထဲကနေ Recovery ဝင်းဒိုးကို ပြန်ခေါ်လိုက်ရင် ဝင်းဒိုးအသစ်တင်လိုက်သလိုပါပဲ.. မူရင်း(Original)ဝင်းဒိုးကို ပြန်ရမှာပါ.. အချိန်လည်း ကုန်တာသက်သာသလို Drivers တွေ လိုက်ရှာရတဲ့ ဒုက္ခကလည်း ကင်းဝေးပါတယ်..။ ဒီလိုမှ မဟုတ်ပဲ Partation တွေ Format ချပစ်လိုက်လို့ Hidden partition (Recovery) အပိုင်း ပါသွားရင်တော့ ဒီမူရင်းဝင်းဒိုးကို ဘယ်လိုမှ ပြန်ရှာလို့ မရနိုင်တော့ပါဘူး.. ကိုယ်က ဗဟုသုတရှိလို့ Image Backup File လုပ်ထားရင်တော့ နည်းနည်းတော်သေးပါတယ်.. ဘာမသိ၊ ညာမသိ သူများပြောတိုင်း Format ချုပစ်လိုက်ရင်တော့ မူရင်းဝင်းဒိုးကို ဆုံးရှုံးသွားပါပြီ.. အဲ့လိုဆိုရင်တော့ မူရင်းဝင်းဒိုးအတွက် တကယ်ပဲ နှမြောဖို့ ကောင်းပါတယ်.. တကယ်တော့ မူရင်းဝင်းဒိုးတွေဟာ ကော်ပီဝင်းဒိုးတွေထက် အများကြီး အားသာပါတယ်.. ဘယ်လိုတွေအားသာလဲဆိုတော့ ကျနော်စမ်းသပ်မိသလောက် ပြန်လည် ဝေမျှပေးခြင်းသာ ဖြစ်ပါတယ်.. မူရင်းဝင်းဒိုးတွေဟာ ကော်ပီဝင်းဒိုးတွေထက် စက်အဖွင့်၊ အပိတ် ပိုမြန်ပါတယ်.. ကော်ပီဝင်းဒိုးတွေထဲ Error တက်တာ နည်းပါတယ်.. ကော်ပီဝင်းဒိုးတွေမှာ Error ပိုများပါတယ်..။ နောက်ပြီး အမေရိကန်လို ဥရောပ နိုင်ငံမျိုးတွေမှာ ကော်ပီဝင်းဒိုး သုံးစွဲခွင့်မရှိပါဘူး.. အာရှမှာ အသုံးပြုနေတဲ့ ကော်ပီဝင်းဒိုးတွေ မေရိကန်လို နိုင်ငံမျိုးကို သယ်ဆောင်သွားခွင့် မရှိပါဘူး.. ကော်ပီဝင်းဒိုးတွေမှာ Activator တွေနဲ့ ကာပြီး အသုံးပြုကြတာ ဖြစ်တဲ့အတွက် ဝင်းဒိုး Update တွေကို ပိတ်ထားတတ်ကြပါတယ်.. Windows Update ပိတ်ထားတဲ့အတွက် ကော်ပီဝင်းဒိုးတွေမှာ Original Windows ထက် Error ပိုများရပါတယ်.. Windows Update လုပ်မိတာနဲ့ ကာထားတဲ့ Activator ကို ဖျက်ပစ်လိုက်လို့ Product Key တွေတောင်းပြီး Key မပေးနိုင်ရင် ရက်၃၀ ကြာတဲ့ အခါ Desktop မှာ မည်းသွားပါတယ်.. မူရင်းဝင်းဒိုးတွေမှာ ကျတော့ ဝင်းဒိုး Update လုပ်ပေးနိုင်လေ ကွန်ပျူတာရဲ့ အယ်ရာတွေ၊ ဗိုင်းရပ်စ်တွေနဲ့ Hack Tools တွေကို ပိုမိုကာကွယ်နိုင်လေ ပါပဲ..။ Windows Update က ဝင်းဒိုးကို ပိုမို Strong ဖြစ်စေပါတယ်..။

Tem/ Prefetch/Recent/ ဖိုင်တွေကို icon လေးလုပ်ပြီး ကွန်ပျူတာ သန့် ရှင်းရေး လုပ်ချင်ရင်


Run box မှာ Tem/ Prefetch/Recent တစ်ခုချင်းရိုက်ထည့်ပြီး ဖျက်နေရင် ကြာပါတယ်။အဲ့တော့ အိုင်ကွန်လေးလုပ်ပြီး အမြန်ဖျက်ကြမယ်နော်။
စမ်းသပ်ကလိချင်လျှင် အောက်ကအဆင့်လေးတွေအတိုင်းလုပ်ကြည့်လိုက်ကြပါနော်။

(၁) Start>>>Run(or) Win+R နှိပ်ပြီ Runbox ဖွင့်လိုက်ပါ။

(၂) Run box မှာ notepad ကိုရိုက်ထည့်ပြီ Enter(or) OK နှိပ်လိုက်ပါ။

(၃) အောက်မှာပေးထားတဲ့ ကုဒ်တွေ့ကို Copy ကူးထည့်လိုက်ပါ။ပြီးရင် Save လိုက်ပါ။

◘ကွန်ပျူတာ System Speed ကိုမြန်ဆန်စေရန် သိထားသင့်သောအရာများ...◘◘


ကွန်ပျူတာSystem Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ရန်အတွက် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်နိုင်ပါသည်-
၁။ ကွန်ပျူတာတွင် Application တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့် File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန် စေပါသည်။ 

♣♣ကွန်ပျူတာနှေးနေလျှင်မြန်လာအောင်လုပ်နည်းလမ်းများ♣♣


၁။ Desktop ပေါ်ကMy ComputerကိုRight Clickလုပ်ပါ။ Propertiesကိုရွေးပါ။
၂။ System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။
၃။ Performance အောက်က Settings ကို ရွေးပါ။
၎။ Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။
၅။ Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok
ကွန်ပျူတာ စဖွင့်ရာမှမြန်ဖို့အတွက် မလိုအပ
်တဲ့ဆော့ဝဲတွေကိုလျော့ချ ရပါလိမ့်မယ်။ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံ စစ်နေရတဲ့ အတွက်ကြာလှပါတယ်။ဒါကြောင့် မလိုအပ်တဲ့ဆော့ဝဲလ်တွေ ပိတ်သင့်တာကိုပိတ်ရပါလိမ့်မယ်။

၁။ gttask
၂။ Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ
၃။ Adobe Reader, Adobe Gammaစတာတွေဖြစ်ပါတယ်။တခြားမိမိအင်စတော
သာလုပ်ထားတယ်။အသုံးနည်းတယ်ဆိုရင်ပိတ်ထားနိုင်ပါတယ်။အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်
၁။ Start မှ Run ကို ရွေးပါ။
၂။ Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃။ System Configuration Utility Box ပေါ်လာပါက Startup ကိုရွေးပါ။ Startup တွင်အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများဖြုတ်၍ပိတ်နိုင်ပါတယ်။ လုပ်ငန်းစဉ်များပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင်စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်း လဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့မေးခွန်း message ပါ။ Don’t Show this စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ်စတက်တဲ့အချိန်မှာမစစ်အောင်ပဲ ပိတ်ထားတာပါ။မိမိလိုအပ်တဲ့ အချိန် Start မှနေ၍ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ပြန်လည်အသုံးပြု၍ရပါတယ်။အကယ်၍ မိမိ သည် အဆိုပါ ဖိုင်တို့ကို ပိတ်ထား ရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက် တစ်ရွက်တွင်ရေးမှတ် ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ အဲ့နည်းလေးက စက်အဖွင့်အပိတ် ကိုမြန်စေပါတယ်ခဏလေးနဲ့ ပွင့်ပြီးshut down လုပ် တဲ့အခါလည်းအတော် လေးမြန်ပါတယ်။
နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။
၁။ Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂။ Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃။ Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။
၁။ Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။
Properties ကိုရွေးပါ။ startup type အကွက်တွင်Disable ကိုရွေးပါ။ ပြီးလျှင်Apply , Ok ။
၂။ အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။နောက်တစ်ခုက လူတိုင်းမထင်မှတ် ထားတဲ့အရာလေးပါ။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။တကယ်တမ်း ကိုယ်သုံး နေရတာက ၁၀ ခုတောင် မကျော် ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲထားပြီးမလိုဘူးထင်တာတွေကိုဖျက်ပစ်ပါ။တစ်ခုလောက်တော့ သတိပေးချင် ပါတယ်။ဖောင့်တွေဖျက်တဲ့ နေ ရာမှာ Character Map မှာ ကိုယ် သုံးနေ တဲ့ font တွေ ကို တော့ မဖျက်ပစ်မိ ဖို့ဖြစ် ပါတယ်။နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁။ My Computer ကိုဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။
၂။ Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
၃။ Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။
နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ DiskDefragmenter လုပ်တာပါ။ဒီနည်းလမ်းကိုနေ့စဉ်စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁။ Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂။Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။။။ Local Disk (D:) ကိုလဲထိုနည်းအတိုင်း ပြုလုပ်ပါ။

အာလုံးပဲအဆင်ပြေပါစေ...

◘ကွန်ပျူတာ Passwords မေ့လို့ဖွင့်လို့မရခဲ့လျှင်


ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့အကြောင်းအရာလေးတွေရှိလို့ Passwords နဲ့
ပိတ်ထားကာမှ အချိန်ကြာလာသောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက်ဖော်ပြပေးလိုက်ရပါတယ်..။

◘◘
နည်းလမ်း(၁)◘◘

Related Posts Plugin for WordPress, Blogger...