..စမ်းသပ်ခြင်းဖြစ်နေလို့ ကိုယ်ပိုင်းပိုစ့်တဗုဒ်မှမပါဘူးခင်ဗျာ တဆင့်ပြန်ရှယ်တာမို့ သီးခံအကြံပေးကျပါခင်ဗျာ ချမ်းမြေ့ပါစေ


လာရောက်လည်ပတ်သူအားလုံးကိုဗေဒါအိုင်တီနည်းပညာစမ်းသပ် ခြင်းမှထူးကျေးဇူးတင်ရှိပါတယ်ခင် ဗျာ



glitter-graphics.com
glitter-graphics.com

Tuesday, July 30, 2013

ဖိုင်တွေ ခွဲနည်း ၊ ပေါင်းနည်း




အရင်ဆုံး .part1.rar, .part2.rar စတဲ့ အပိုင်းခွဲနည်းကိုဆွေးနွေးပါမယ်..
step{ 1 } desktop ပေါ်မှာ folder တစ်ခုထုတ်လိုက်ပါ.
step{ 2 } အဲဒီ folder ကိုဖွင့်ပြီး  မိမိခွဲမည့် name.exe program ကိုထည့်လိုက်ပါ။
step{ 3 } name.exe program ပေါ် မှာ Right Click \ Add to Archive... ကို click လိုက်ပါ။


step{ 4 } Archive name and parameters box ပေါ်လာရင်အောက်ကကျနော်ဝိုင်းပေးထားတဲ့နေရာမှာ မိမိ ခွဲချင်တဲ့ .exe ရဲ့ ဆိုဒ်အလိုက် တန်ဖိုးထည့်ပေးရပါမယ်. ( ဥပမာ...အခု ကျနော်က Firefox Setup 9.0.1.exe ကို ခွဲပြမှာဆိုတော့ သူ့ ဆိုဒ်က 14.5 MB ရှိတဲ့အတွက်  5 MB ဆိုပြီး တန်ဖိုးရေးပေးပါမယ်.) အောက်ပုံ -
 

step{ 5 } အခုဆိုရင် မိမိခွဲချင်တဲ့ Firefox Setup 9.0.1.exe ကို  .part1.rar, .part2.rar ,.part3.rar, .part4.rar ဆိုပြီး  .rar ဖိုင် အဖြစ်ခွဲထားလိုက်ပြီးဖြစ်ပါတယ်. အောက်ပုံ -


အခုထပ်ပြီးဆွေးနွေးမှာက အထက်မှာကျနော်ခွဲပေးခဲ့ပြီးဖြစ်တဲ့ .part1.rar, .part2.rar စတဲ့ ဖိုင်တွေကို မည်သည့်နေရာကဘဲ ရသည်ဖြစ်စေ မူလ Setup.exe software file ကိုရရှိအောင်ပြုလုပ်တဲ့ နည်းဖြစ်ပါတယ်. ( ဥပမာ. အပေါ်က ကျနော် ခွဲထားခဲ့တဲ့ .rar ဖိုင် တွေကို မူလ Firefox Setup 9.0.1.exe အတိုင်း ပြန်ရအောင် ပေါင်းပေးပါမယ် ).

step{ 1 } မိမိတို့ မှာရှိနေတဲ့ အပိုင်းအပိုင်းဖြစ်နေတဲ့ .rar ဖိုင်တွေကို folder တစ်ခုထဲမှာထားလိုက်ပါ.ပြီး ရင် အောက်ကပုံလေးအတိုင်း name.part1.rar ပေါ်မှာ Right Click \Extract here ကို Click လိုက်ပါ။

step{ 2 } အခုဆိုရင် မိမိတို့ ရဲ့ အပိုင်းပိုင်းဖြစ်နေတဲ့ .part1.rar, .part2.rar စတဲ့ ဖိုင်တွေကို ပြန်လည်ပေါင်းစည်းခဲ့ပြီးဖြစ်ပါတယ်. အောက်ပုံ -

  
ကျေးဇူးတင်ပါတယ်..

Monday, July 22, 2013

Password ပေးထားတဲ့ Computer ကို ဝင်ပြမယ်


Password ပေးထားတဲ့ Computer ကို ဝင်ပြမယ်

10:53 PM ---
               ကျွန်တော် ဟိုတစ်နေ့ပဲ Window admin password ကို ဖောက်တာ ပြပေးပါပြီ ။ ဒါပေမယ့် အဲဒါက Admin တစ်ခုပဲရပါတယ် ။ ကျန်တဲ့ User တွေကိုတော့ မရပါဘူး ။ ဒါကြောင့် ကျန်တဲ့အကောင့်တွေကိုလည်း ဖောက်တတ်အောင် တင်ပေးလိုက်ပါတယ် ။ ကျန်တဲ့နည်းတွေနဲ့ ဖောက်တာလည်း ရှိပါတယ် ။ အဆင့်တွေ ရှုပ်ထွေးတာမို့ ။ သာမန်ကွန်ပျူတာသုံးတွေ နားလည်းမလည်သလို လုပ်လည်း မတတ်ပါဘူး ။ တော်ကြာနည်းပညာကို လေ့လာလိုတဲ့ စိတ်တွေ ပျောက်သွားမှာ စိုးရပါသေးတယ် ။ ဒါကြောင့် ကလေးက အစ လုပ်လို့တတ်အောင် ဖောက်လို့တတ်အောင် နားလည်အောင် ကျွန်တော် အတတ်နိုင်ဆုံး ရေးပေးပါမယ် ။ ကျွန်တော်ရေးတဲ့ ပိုစ့်တွေအတွက် ကျွန်တော် အာမခံပါတယ် ။ တစ်ခုခုအဆင်မပြေရင်ပြောပါ ။ ကျွန်တော် အဖြေရှာပေးပါမယ် ။ ပိုစ့်တိုင်း နိဒါန်းချီနေကျမို့ ချီနေလိုက်တာ စာကိုယ်က မရောက်သေးဘူး :)

ပထမဆုံးအနေနဲ့ သင်မှာ USB stick ရှိရပါမယ် ။ ကျွန်တော်တော့ AD မှာ 8GB ကို ဘတ် 350 နဲ့ ဝယ်ထားပါတယ် ။ ဈေးတော်နေပါပြီ ။
 ဒီနေရာကနေ ဆောပ်ဝဲလ်တစ်ခုကို ဒေါင်းလိုက်ပါ ။ ဆိုဒ်လည်း ဘယ်လောက်မှမရှိပါဘူး ။ 157 K ပဲ ရှိပါတယ် ။
ပြီးရင်တော့ ဖွင့်လိုက်ပါ ။ ဒေါင်းထားတဲ့ ဖိုင်ကို ။ ပါတဲ့ဖိုင်တွေက အောက်ပါ အတိုင်းတွေ့ရပါလိမ့်မယ် ....
KON USB boot
KonBootInstall.exe ကို နှစ်ချက်ဆက်တိုက် နိပ်လိုက်ပါ ။ ပြီးတာနဲ့ cmd command box ပွင့်လာလိမ့်မယ်
အဲမှာ ဆောပ်ဝဲလ်ကို အင်စတော လုပ်ထည့်မယ့် နေရာကို ရွေးပေးရပါမယ် ။ သင့် usb stick က F လား G လား ။ ဒါကို နားမလည်ရင် စတစ်ကို ကွန်ပျူတာမှာ ထိုးပြီးတာနဲ့ my computer ကို ဖွင့်လိုက်ပါ ။ တွေ့ရလိမ့်မယ် ။ ကျွန်တော့် စတစ်တော့ f ပါ ။ ဆိုတော့ ခု cmd box မှာ f လို့ ရိုက်ထည့်ပြီး Enter ခေါ်လိုက်ပါတယ် ။ Install ပြီးရင်ကြောင့်ပေါ်ပြီး တစ်ခုခုထပ်နိပ်လိုက်တာနဲ့ cmd box က ပိတ်သွားပါလိမ့်မယ် ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ZF0adI5R1OGK6tmwvmftu0zGTJRqiXxI1lB0dnkYCpAcdsfvPIoy4_6uEi3AzTpWo6ME22A3VstrgrRZGd10IIxTADRh-XQ8uqoZfRMMaCHingr82V6jjPc5cWnWxQdJ75duzMWlV4KK/s1600/Konusb.JPG
ကဲ ခု စစမ်းဖို့အချိန်ကျပြီဗျာ ။ သင့် ကွန်ပျူတာကို Restart ချလိုက်ပါ ။ မချခင်လေး လုပ်စရာရှိတာ လုပ်သွား တော်ကြာစိတ်ကောက်လို့ အောက်မှာလည်း မန့်ထည့်မသွားနဲ့ ဦး :D
ကဲဗျာ ခု သင့်ကွန်ပျူတာ Restart ချနေပြီ ဆိုပါတော့ .....
F9 ကီးကိုသာ နိပ်ထားပေတော့  .....
ပြီးရင်တော့ အဲဒီမှာ သင်ထိုးတဲ့ usb တွေပေါ်လိမ့်မယ် ။ စောနက အင်စတော လုပ်ထားတဲ့ ကောင်ကို ရွေးပြီး Enter ခေါက်လိုက်ပါ ။
ကဲ ခဏစောင့်ပြီးတော့ Enter ထပ်ခေါက်လိုက်ပါ ။
ဟောာာာာာာာာာာာ ပွင့်သွားပြီ ဖောက်လိုက်တာ ပွင့်သွားပြီ ။
ဒီလောက်ဆို နည်းလည်လောက်ပြီ ထင်ပါတယ် ။ နားမလည်သေရင်းရင်လည်းဒီနေရာမှာ ဗီဒီယိုဖိုင်နဲ့ရှင်းထားတာကို ထပ်ကြည့်လိုက်ပါဗျာ ။ အဆင်ပြေပါစေလို့  ခွန်မောင်ပန်

Windows Administrator Password ကို ဟက်မယ်

6:19 PM ---
              ဒီနည်းကို အကိုတစ်ယောက်က ကျွန်တော့်ကို မေးဖူးတင်ပေးလိုက်ပါတယ် ။ ကျွန်တော်တို့ သူများ ကွန်ပျူတာ ကို ခိုးဖွင့်တဲ့ အခါ ပါစ့်ဝေါ့ ထည့်ထားရင် အခက်ကြုံရတတ်ပါတယ် ။ ဒါကြောင့် ကျွန်တော် ဟက်နည်းလေးကို တင်ပေးလိုက်ပါတယ် ။ ခုကျွန်တော် သုံးနေတာက window xp သုံးနေပါတယ် ။ အလုပ်ဖြစ်ပါတယ် ။ ဒီနည်းက ဒီဝင်းဒိုးမှာပါ ။

ပထမနည်းအနေနဲ့တော့ ပစ်ဝေါ့ထည့်ထားတဲ့ ကွန်ပျူတာကို ဖေါက်ဖွင့်နည်းပါ ။ ဆောပ်ဝဲလ် မသုံးပါဘူး ။ ဆောပ်ဝဲလ်သုံးပြီး လုပ်တဲ့ နည်းတွေလည်း ရှိပါတယ် ။ အကယ်လို့ ဒီနည်းက အလုပ်မဖြစ်ဘူးဆိုရင်တော့ ဆောပ်ဝဲလ်သုံးပြီး ဖောက်တဲ့ နည်းကို တင်ပေးမှာပါ ။ အကြံသာပေးသွားလိုက်ပါ ။ တင်ပေးပါမယ် ။ ကဲ ခု ကွန်ပျူတာ ပါဝါကို ဖွင့်လိုက်ပြီ ။ ပါစ့်ဝေါ့ရိုက်ထည့်ရဖို့ ရှိနေပြီ ။ အဲဒီမှာ User name , Password ရိုက်ထည့်ဖို့ရှိတယ် ။ Administrator လို့ပဲ နာမည်မှာ ရိုက်ထည့်လိုက်ပါ ။ ပြီးရင် ပါစ်ဝေါ့ မရိုက်ထည့်ပဲနဲ့ Enter ခေါက်လိုက်ပါ ။ ခုကွန်ပျူတာတော့ ကောင်းကောင်း အလုပ်လုပ်တယ် ။ ဒါက ဖောက်ဝင်တဲ့ နည်းပါ ။ အဲ... တစ်ခုပြောစရာရှိတာက ။ ကွန်ပျူတာ တစ်ခုမှ ကျွန်တော်တို့ User account တွေ အများကြီး လုပ်လို့ရပါတယ် ။ ဒီနည်းကAdministrator အကောင့်ကို ဖောက်တာပါ ။ တစ်ခြားအကောင့်တော့ မရပါဘူး ။ဖောက်ဝင်လို့ရရင် သင်သဘောပေါက်ပါလိမ့်မည် ။ ကျွန်တော် စသုံးတုန်းက ကြုံတုန်း ကြောင်သွားတာ ။

ခု ပွင့်ပြီးသား ဝင်ဒိုးက Administrator အကောင့်ကို ပါစ့်ဝေါ့အဟောင်း မသိပဲနဲ့  ပြောင်းတဲ့ နည်းပါ ။ Controlpenl က ပြောင်းရင်တော့ အဟောင်းကို ထည့်ပေးရမယ်လေ ။
ပထမဆုံး Run box ( Win+R) ကို ဖွင့်ပါ ။
ပြီးရင် cmd ရိုက်ထည့်ပါ ။ ပြီးရင် cmd box တက်လာမယ် ။
net user ရိုက်ပြီး Enter ခေါက်ပါ ။ user account နာမည်စာရင်းတွေတက်လာလိမ့်မယ် ...
net user Administrator * ရိုက်ပြီး Enter ခေါက်ပါ ။tor နဲ့ * ကြားမှာ space bar တစ်ချက်ခြားပေးပါ ။ ပြီးရင် ပါစ့်ဝေါ့ အသစ်ရိုက်ခိုင်း လိမ့်မယ် ဒီတိုင်းပဲ ရိုက်လိုက်ပါ ။ စာသားတွေတက်လာတာ မမြင်ရပေမယ့် ဒီတိုင်းပဲ မှန်အောင် ရိုက်လိုက်ပါ ။ ရပြီဆိုရင် Enter ခေါက်လိုက်ပါ ။ ပြီးရင် အဲဒီတိုင်းပဲ နောက်တစ်ခါ ထပ်ရိုက်လိုက်ပါ ။ ပြီရင် Enter ထပ်လော်ကလိုက်ပါ ။ ပြောင်းပြီးသွားကြောင့် စာသားတွေ့ရလိမ့်မယ်
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ ခွန်မောင်ပန်

Saturday, July 20, 2013

Kalkules 1.9.0.19 Portable



ကျွန်တော်တို့ Kalkules ဟာ universal scientific freeware calculator လေးတစ်မျိုးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ high school ကျောင်းသားတွေနဲ့  university students တွေအတွက် အဆင်အပြေဆုံး အမြန်ဆုံး တွက်ချက်ပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်အရှေ့မှာ Calculators စုစည်းမှုလေးတွေအပြင် အခြားအခြားသော Calculators လေးတွေကိုလည်း တင်ပေးခဲ့ဘူးပါတယ်။ နောက်ပိုင်း ကျွန်တော်မပြန်ခင်မှာတော့ ကျွန်တော့်ဆီမှာ ရှိတဲ့ ကောင်လေးတွေကိုစုပြီး တင်ပေးခဲ့ပါမယ်။ အခုတော့ ဒီကောင်လေးက 4.4 MB ပဲရှိပါတယ်.။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက်ပါဗျာ။ 


Kalkules 1.9.0.19  Portable



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အခမဲ့ မြန်မာပြည်TV ကြည့်နိင်ပါပြီနော်

အကယ် တစ်ကမ္ဘာလုံးက Sports, music, news, movie, fun, Science, Cartoons, Networks, lifestyle, shopping စတဲ့ TV ထုတ်လွှင့်မှုတွေဘဲကြည့်မလား..ဒါမှမဟုတ် အမိမြန်မာပြည့်ကို အလွမ်းဖြေဖို့ Myanmar International, Myanmar Entertainment မှာမြန်မာလိုပြောပြီး အင်္ဂလိပ်လိုစာတန်းထားတဲ့ မြန်မာ TV လိုင်းတွေ ဘဲကြည့်မလား. GOD TV လဲပါပါတယ်.စုံလင်လှတဲ့ TVU player လေးနဲ့ မိတ်ဆက်ပြီး တင်ပေးလိုက်ပါတယ် .. မြန်မာလိုင်းကိုအလွယ်တကူရှိချင်ရင် အပေါ်က search box မှာ myanmar လို့ရေးလိုက်တာနဲ့ မြန်မာပြည်ရဲ့ လိုင်းနှစ်လိုင်းကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီအပြင် Channels တွေအားလုံးအတွက် ဘယ်အချိန်မှာ ဘာလာမယ်ဆိုတာကို ကိုယ့်နိုင်ငံရဲ့အချိန်နဲ့ ကိုက်ပြီးဖော်ပြ ပေးထားပါတယ် ..အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေလို့မိတ်ဆက်ပေးလိုက်ပါတယ်
 .အခမဲ့ကြည့်ရမှာဖြစ်ပါတယ်....ပြီးတော့ Portable
 လေးဖြစ်ပါတယ်..install စရာမလိုဘဲ အေးအေးဆေးဆေးအသုံးပြုနိုင်ကြောင်းပါ။
DOWNLOAD TVU Player (Downloads times 1454)





မှတ်ချက်။ မြန်မာပြည်သား တိုင်းရင်းသားများ ၏ ဘာသာရေး၊ လူမှု့ရေး၊ အလှူအတန်း၊ မွေးနေ့၊ မ၈င်္လာပွဲများနှင့် ပွဲလမ်းသဘင်များ ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲများ ၊သာရေး၊ နာရေး ကိစ္စရပ်များအတွက် မိမိ၏Website တွင် ကြော်ငြှာ အဖြစ် ထည့်သွင်းဖေါ်ပြလိုပါက aunglaybc.blogspot.com@gmail.com သို့ ပေးပို့လာပါက ကြော်ငြှာများကို အခမဲ့ ဖေါ်ပြပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 15, 2013

အွန်လိုင်းပေါ်မှာ ပိုက်ဆံရှာချင်သူများအတွက်


ဟုတ်ကဲ့ ကျွန်တော်တို့ စီးပွားရှာချင်ကြပါတယ် ပိုက်ဆံရမယ့် အလုပ်မျိုးတွေ ကိုယ်စီကိုယ်စီလုပ်ချင်ကြပါတယ် အပြင်မှာအလုပ်လုပ်တဲ့သူတွေလဲ ရှိကြပါတယ် ဒါပေမယ့်အခု ကျွန်တော်တို့ လိုင်းပေါ်မှာ အချိန် နာရီဝက်လေးပေးပြီ ပိုက်ဆံ ရှာကြမယ် ကဲ စိတ်ဝင်စားကြတယ်ဟုတ်...စလိုက်ကြမယ်ဗျာ အိုတေ..
အင်တာနက်ပေါ်မှာ တစ်နေ့ကို မိနစ် 30 အချိန်ပေးရုံနဲ့ ငွေရှာတဲ့နည်းလမ်းလေး အားလုံးသောရွှေမြန်မာတို့အတွက်
ရေးသားပေးလိုက်ရပါတယ်ခင်ဗျာ..ဒီနေရာမယ် ကျနော်အမှာစကားတစ်ခုပြောလိုတာက ယခုနည်းသည် ကျနော်ကိုယ်တိုင်စမ်းသပ်ပြီး ရလာတဲ့ Result အခြေအနေကို စုစည်းတင်ပြထားခြင်းဖြစ်ပါတယ်..တစ်ချို့က ပြောပါမယ်ဒီလောက်လွယ်နေမှတော့ လူတိုင်းလုပ်ကုန်မှာပေါ့..ဒါလောက်လုပ်နေကြမှတော့ ငွေပေးတဲ့ Company တွေမွဲကုန်မှာပေါ့ ဆိုပြီးတော့ပါ…
ဟုတ်ပါတယ် ယခုနည်းလမ်းဟာ နိုင်ငံခြားတိုင်းပြည်အချို့မှာ ခေတ်စားနေပါပြီ..ကျနော်တို့မြန်မာနိုင်ငံမှာ
လဲ သိတဲ့သူတွေသိကြပါတယ်..အချိုးနဲ့ပြမယ်ဆိုရင် သိတဲ့သူက 5 % မသိတဲ့သူက 95% နှုန်းနဲ့ခန့်မှန်းရပါတယ်..။
ဘာလို့တုန်းဆိုတော့ ယခုလိုနည်းလမ်းတွေကို မြန်မာအင်တာနက်စာမျက်နှာတော်တော်များများမှာ ဖော်ပြထားတာမတွေ့ရလို့ပါဘ.ဲ ..
ဒီလို ငွေရှာတဲ့သူတွေကို ငွေပေးတဲ့ Company တွေက လဲ ငွေရှာတဲ့သူကိုပေးတဲ့ ငွေအရေအတွက်ထက်သူတို့ အခြားကြော်ငြာလုပ်ငန်းတွေကနေ လက်ခံရရှိတဲ့ ငွေအရေအတွက်က ပိုများပါတယ်..
ဥပမာ အခုကျနော်ဖော်ပြမယ့်နည်းလမ်းဟာဆိုရင် သူတို့ပြထားတဲ့ ကြော်ငြာတွေကို Click လုပ်ရမှာဖြစ်ပါတယ်..ဒီလို ကလစ်လုပ်တာနဲ့ သူတို့ကကိုယ့်ကို ငွေပြန်ပေးတယ်…ဒီလိုဘဲ.. ကိုယ်ကလစ်နိုင်ဖို့ ငွေပေးတဲ့ Company က ပြထားတဲ့ ကြော်ငြာတွေဟာလည်း
အခြား Company ကသူတို့ကို လာအပ် ထားတဲ့ကြော်ငြာတွေပါဘဲ .. ဒီတော့  အရှင်းဆုံးပြောရရင် ကိုယ်က သူတို့ဆီမယ်နေ့စားနဲ့အလုပ်လုပ်ရတဲ့ ကြော်ငြာ Clicker တွေပေါ့ဗျာ.. အလုပ်လုပ်နိုင်မှု ဥာဏ်ရည်ဥာဏ်သွေးရှိမှုအပေါ်မူတည်ပြီးကိုယ့်ရဲ့ ပိုက်ဆံရနှုန်းတွေဟာ တစ်လနဲ့တစ်လ ပိုပြီးမြင့်တက်လာမှာပါ..ပြောရရင်တော့ ရာထူးတိုးလာတာပေါ့ဗျာ
က…ဲ အခုဖော်ပြမယ့်နည်းလမ်းကတော့  သူတို့ပြထားတဲ့ကြော်ငြာတွေကို Click ပြီး ငွေရှာတဲ့နည်းပါဘ.ဲ .
ဒီလောက်ဆိုရင် အကျဉ်းချုံးပြီးတော့ သဘောပေါက်လောက်မယ်ထင်ပါတယ်
အောက်မှာ အကောင်းဆုံးလို့ထင်မယ့် ကြော်ငြာကြည့်တဲ့ဆိုက်လေးတွေကို ဖော်ပြပေးထားပါတယ် ရှိတာကတော့ ဆိုက်အများကြီးပါ ဒါပေမယ့် ကျနော်တို့ ကိုယ်ဘာသာကိုယ်ချိန်ပြီး စဉ်းစားကြရမယ်လေဗျာ အခုကျနော် ဒီဆိုက် ၁၂ခုကိုလှည်ပတ်ပြီး ကလစ်တာ အချိန်တနာရီလောက်ယူရပါတယ် လိုင်းကောင်းဖို့လဲလိုသေးတာပေါ့နော် ဒါပေမယ့် နိုင်းဆိုက်နှစ်ခုဖွင့်စာနဲ့ ကြော်ငြာဆိုက်တခုဖွင့်စာနဲ့ တူတယ်ဆိုတော့ သိပ်တော့ မကောင်းလဲ ရပါတယ် အိုကေ
အော်...အရေးကြီးတာကိုလဲ ပြောရအုံးမယ် ရမယ့်ပိုက်ဆံကဘယ်လောက်လဲ??? ?????
ဟုတ်တယ်...ကျနော်ကိုယ်တိုင်လဲ မလုပ်ခင်အဲမေးခွန်းစမေးခဲ့တယ် ပြီးတော့ စိတ်ရောချရရဲ့လား ????တကယ်ရောပေးမှာလား?????? ပေးတော့ရောဘယ်လိုယူမှာလဲ?????
ဟုတ်ပါတယ်.....ဒါဆိုရမယ့်ပိုက်ဆံကို အရင်စပြောမယ်...
ဆိုက်တစ်ဆိုက်နဲ့တစ်ဆိုက်ကတော့မတူပါဘူး ဒါကတော့ အကောင့်ဝင် မန်ဘာလုပ်ရင်းနဲ့ နားလည်လာမှာပါ ဒီတော့အကြမ်းဖျင်းရှင်းပြမယ် ပထမကကျနော် ပြောထားတဲ့အတိုင်းပဲ ဇွဲရှိရမယ် ဘယ်အလုပ်မဆိုလွယ်လွယ်နဲ့တော့မရပါဘူး တစ်နေတစ်ခါ ပုံမှန်လေး ဇွဲရှိရှိနဲ့ ကလစ်သွားမယ်ဆိုရင် တစ်လထက်တစ်လ ၀င်ငွေက နှစ်ဆနှစ်ဆတိုးသွားပါ့မယ့် အဲ အဲလိုတိုးသွားဖို့ကလဲ အဲဆိုက်တွေထဲမှာပဲ ကိုယ်လိုပဲကြော်ငြာကလစ်သူ မှာတာတို့ဘာတို့ ရှိသေးတာကိုးဗျ ထားပါ ဒါကတော့ လုပ်ရင်းနဲ့သိသွားမှာပါ..
အဓိကက အဲဒီလို ပုံမှန်ကလစ် ညဏ်ရှိရှိနဲ့သာလုပ်သွားမယ်ဆို တစ်နှစ် နှစ်နှစ်အတွင်းမှာ တစ်ရက်ကို ၀င်ငွေ လေးငါးသောင်းလောက်ရှိတဲ့ သူတစ်ယောက် ဖြစ်လာမှာပါ အိုတေ...
ဟုတ်ကဲ့ ပုံမှန်မကလစ်တော့ဘာဖြစ်လဲ....မကလစ်တော့ပိုက်ဆံအရနောက်ကျတာပေါ့ဗျာ...ဒါပါပဲ
ကဲ စာရှည်တယ်ဗျာ...အောက်မှာ ပုံလေးတွေနဲ့ သွားရမယ့်နေရာလေးတွေပေးထားတယ် မန်ဘာဝင်ပြီး View ads လေးကိုနှိပ် ကြော်ငြာလေးတွေကို ကြည့်ရင်း ပိုက်ပိုက်တွေ စုလိုက်ရအောင်ဗျာ
အောက်ဖော်ပြပါ ဆိုက်တွေမှာ လုပ်ရင်းကိုင်ရင်း မသိတာ မရှင်းတာရှိသူများ helperhelper3@gmail.com ကိုလာရောက်မေးမြန်းနိုင်ပါတယ်ဗျာ....ကျန်တဲ့ဆိုက်တွေကိုတော့ အနော်လဲ မကလစ်ဖူးတော့ မသိပါကြောင်း
အားလုံးဝင်ငွေကိုယ်ဆီ ရကြပါစေဗျာ....
Related Posts Plugin for WordPress, Blogger...