..စမ်းသပ်ခြင်းဖြစ်နေလို့ ကိုယ်ပိုင်းပိုစ့်တဗုဒ်မှမပါဘူးခင်ဗျာ တဆင့်ပြန်ရှယ်တာမို့ သီးခံအကြံပေးကျပါခင်ဗျာ ချမ်းမြေ့ပါစေ


လာရောက်လည်ပတ်သူအားလုံးကိုဗေဒါအိုင်တီနည်းပညာစမ်းသပ် ခြင်းမှထူးကျေးဇူးတင်ရှိပါတယ်ခင် ဗျာ



glitter-graphics.com
glitter-graphics.com

Monday, July 22, 2013

Password ပေးထားတဲ့ Computer ကို ဝင်ပြမယ်


Password ပေးထားတဲ့ Computer ကို ဝင်ပြမယ်

10:53 PM ---
               ကျွန်တော် ဟိုတစ်နေ့ပဲ Window admin password ကို ဖောက်တာ ပြပေးပါပြီ ။ ဒါပေမယ့် အဲဒါက Admin တစ်ခုပဲရပါတယ် ။ ကျန်တဲ့ User တွေကိုတော့ မရပါဘူး ။ ဒါကြောင့် ကျန်တဲ့အကောင့်တွေကိုလည်း ဖောက်တတ်အောင် တင်ပေးလိုက်ပါတယ် ။ ကျန်တဲ့နည်းတွေနဲ့ ဖောက်တာလည်း ရှိပါတယ် ။ အဆင့်တွေ ရှုပ်ထွေးတာမို့ ။ သာမန်ကွန်ပျူတာသုံးတွေ နားလည်းမလည်သလို လုပ်လည်း မတတ်ပါဘူး ။ တော်ကြာနည်းပညာကို လေ့လာလိုတဲ့ စိတ်တွေ ပျောက်သွားမှာ စိုးရပါသေးတယ် ။ ဒါကြောင့် ကလေးက အစ လုပ်လို့တတ်အောင် ဖောက်လို့တတ်အောင် နားလည်အောင် ကျွန်တော် အတတ်နိုင်ဆုံး ရေးပေးပါမယ် ။ ကျွန်တော်ရေးတဲ့ ပိုစ့်တွေအတွက် ကျွန်တော် အာမခံပါတယ် ။ တစ်ခုခုအဆင်မပြေရင်ပြောပါ ။ ကျွန်တော် အဖြေရှာပေးပါမယ် ။ ပိုစ့်တိုင်း နိဒါန်းချီနေကျမို့ ချီနေလိုက်တာ စာကိုယ်က မရောက်သေးဘူး :)

ပထမဆုံးအနေနဲ့ သင်မှာ USB stick ရှိရပါမယ် ။ ကျွန်တော်တော့ AD မှာ 8GB ကို ဘတ် 350 နဲ့ ဝယ်ထားပါတယ် ။ ဈေးတော်နေပါပြီ ။
 ဒီနေရာကနေ ဆောပ်ဝဲလ်တစ်ခုကို ဒေါင်းလိုက်ပါ ။ ဆိုဒ်လည်း ဘယ်လောက်မှမရှိပါဘူး ။ 157 K ပဲ ရှိပါတယ် ။
ပြီးရင်တော့ ဖွင့်လိုက်ပါ ။ ဒေါင်းထားတဲ့ ဖိုင်ကို ။ ပါတဲ့ဖိုင်တွေက အောက်ပါ အတိုင်းတွေ့ရပါလိမ့်မယ် ....
KON USB boot
KonBootInstall.exe ကို နှစ်ချက်ဆက်တိုက် နိပ်လိုက်ပါ ။ ပြီးတာနဲ့ cmd command box ပွင့်လာလိမ့်မယ်
အဲမှာ ဆောပ်ဝဲလ်ကို အင်စတော လုပ်ထည့်မယ့် နေရာကို ရွေးပေးရပါမယ် ။ သင့် usb stick က F လား G လား ။ ဒါကို နားမလည်ရင် စတစ်ကို ကွန်ပျူတာမှာ ထိုးပြီးတာနဲ့ my computer ကို ဖွင့်လိုက်ပါ ။ တွေ့ရလိမ့်မယ် ။ ကျွန်တော့် စတစ်တော့ f ပါ ။ ဆိုတော့ ခု cmd box မှာ f လို့ ရိုက်ထည့်ပြီး Enter ခေါ်လိုက်ပါတယ် ။ Install ပြီးရင်ကြောင့်ပေါ်ပြီး တစ်ခုခုထပ်နိပ်လိုက်တာနဲ့ cmd box က ပိတ်သွားပါလိမ့်မယ် ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ZF0adI5R1OGK6tmwvmftu0zGTJRqiXxI1lB0dnkYCpAcdsfvPIoy4_6uEi3AzTpWo6ME22A3VstrgrRZGd10IIxTADRh-XQ8uqoZfRMMaCHingr82V6jjPc5cWnWxQdJ75duzMWlV4KK/s1600/Konusb.JPG
ကဲ ခု စစမ်းဖို့အချိန်ကျပြီဗျာ ။ သင့် ကွန်ပျူတာကို Restart ချလိုက်ပါ ။ မချခင်လေး လုပ်စရာရှိတာ လုပ်သွား တော်ကြာစိတ်ကောက်လို့ အောက်မှာလည်း မန့်ထည့်မသွားနဲ့ ဦး :D
ကဲဗျာ ခု သင့်ကွန်ပျူတာ Restart ချနေပြီ ဆိုပါတော့ .....
F9 ကီးကိုသာ နိပ်ထားပေတော့  .....
ပြီးရင်တော့ အဲဒီမှာ သင်ထိုးတဲ့ usb တွေပေါ်လိမ့်မယ် ။ စောနက အင်စတော လုပ်ထားတဲ့ ကောင်ကို ရွေးပြီး Enter ခေါက်လိုက်ပါ ။
ကဲ ခဏစောင့်ပြီးတော့ Enter ထပ်ခေါက်လိုက်ပါ ။
ဟောာာာာာာာာာာာ ပွင့်သွားပြီ ဖောက်လိုက်တာ ပွင့်သွားပြီ ။
ဒီလောက်ဆို နည်းလည်လောက်ပြီ ထင်ပါတယ် ။ နားမလည်သေရင်းရင်လည်းဒီနေရာမှာ ဗီဒီယိုဖိုင်နဲ့ရှင်းထားတာကို ထပ်ကြည့်လိုက်ပါဗျာ ။ အဆင်ပြေပါစေလို့  ခွန်မောင်ပန်

Windows Administrator Password ကို ဟက်မယ်

6:19 PM ---
              ဒီနည်းကို အကိုတစ်ယောက်က ကျွန်တော့်ကို မေးဖူးတင်ပေးလိုက်ပါတယ် ။ ကျွန်တော်တို့ သူများ ကွန်ပျူတာ ကို ခိုးဖွင့်တဲ့ အခါ ပါစ့်ဝေါ့ ထည့်ထားရင် အခက်ကြုံရတတ်ပါတယ် ။ ဒါကြောင့် ကျွန်တော် ဟက်နည်းလေးကို တင်ပေးလိုက်ပါတယ် ။ ခုကျွန်တော် သုံးနေတာက window xp သုံးနေပါတယ် ။ အလုပ်ဖြစ်ပါတယ် ။ ဒီနည်းက ဒီဝင်းဒိုးမှာပါ ။

ပထမနည်းအနေနဲ့တော့ ပစ်ဝေါ့ထည့်ထားတဲ့ ကွန်ပျူတာကို ဖေါက်ဖွင့်နည်းပါ ။ ဆောပ်ဝဲလ် မသုံးပါဘူး ။ ဆောပ်ဝဲလ်သုံးပြီး လုပ်တဲ့ နည်းတွေလည်း ရှိပါတယ် ။ အကယ်လို့ ဒီနည်းက အလုပ်မဖြစ်ဘူးဆိုရင်တော့ ဆောပ်ဝဲလ်သုံးပြီး ဖောက်တဲ့ နည်းကို တင်ပေးမှာပါ ။ အကြံသာပေးသွားလိုက်ပါ ။ တင်ပေးပါမယ် ။ ကဲ ခု ကွန်ပျူတာ ပါဝါကို ဖွင့်လိုက်ပြီ ။ ပါစ့်ဝေါ့ရိုက်ထည့်ရဖို့ ရှိနေပြီ ။ အဲဒီမှာ User name , Password ရိုက်ထည့်ဖို့ရှိတယ် ။ Administrator လို့ပဲ နာမည်မှာ ရိုက်ထည့်လိုက်ပါ ။ ပြီးရင် ပါစ်ဝေါ့ မရိုက်ထည့်ပဲနဲ့ Enter ခေါက်လိုက်ပါ ။ ခုကွန်ပျူတာတော့ ကောင်းကောင်း အလုပ်လုပ်တယ် ။ ဒါက ဖောက်ဝင်တဲ့ နည်းပါ ။ အဲ... တစ်ခုပြောစရာရှိတာက ။ ကွန်ပျူတာ တစ်ခုမှ ကျွန်တော်တို့ User account တွေ အများကြီး လုပ်လို့ရပါတယ် ။ ဒီနည်းကAdministrator အကောင့်ကို ဖောက်တာပါ ။ တစ်ခြားအကောင့်တော့ မရပါဘူး ။ဖောက်ဝင်လို့ရရင် သင်သဘောပေါက်ပါလိမ့်မည် ။ ကျွန်တော် စသုံးတုန်းက ကြုံတုန်း ကြောင်သွားတာ ။

ခု ပွင့်ပြီးသား ဝင်ဒိုးက Administrator အကောင့်ကို ပါစ့်ဝေါ့အဟောင်း မသိပဲနဲ့  ပြောင်းတဲ့ နည်းပါ ။ Controlpenl က ပြောင်းရင်တော့ အဟောင်းကို ထည့်ပေးရမယ်လေ ။
ပထမဆုံး Run box ( Win+R) ကို ဖွင့်ပါ ။
ပြီးရင် cmd ရိုက်ထည့်ပါ ။ ပြီးရင် cmd box တက်လာမယ် ။
net user ရိုက်ပြီး Enter ခေါက်ပါ ။ user account နာမည်စာရင်းတွေတက်လာလိမ့်မယ် ...
net user Administrator * ရိုက်ပြီး Enter ခေါက်ပါ ။tor နဲ့ * ကြားမှာ space bar တစ်ချက်ခြားပေးပါ ။ ပြီးရင် ပါစ့်ဝေါ့ အသစ်ရိုက်ခိုင်း လိမ့်မယ် ဒီတိုင်းပဲ ရိုက်လိုက်ပါ ။ စာသားတွေတက်လာတာ မမြင်ရပေမယ့် ဒီတိုင်းပဲ မှန်အောင် ရိုက်လိုက်ပါ ။ ရပြီဆိုရင် Enter ခေါက်လိုက်ပါ ။ ပြီးရင် အဲဒီတိုင်းပဲ နောက်တစ်ခါ ထပ်ရိုက်လိုက်ပါ ။ ပြီရင် Enter ထပ်လော်ကလိုက်ပါ ။ ပြောင်းပြီးသွားကြောင့် စာသားတွေ့ရလိမ့်မယ်
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ ခွန်မောင်ပန်

No comments:

Related Posts Plugin for WordPress, Blogger...