18 Aug 12, 07:39 AM
tanyawzinaungaung@gmail.: window7 ပဲ ၂ ခုကြီးဖြစ်နေလို.....၁ ခုကို ထုတ်ပြစ်ချင်ပါတယ်....ဘယ်လို လုပ်၇မလဲ...edit လုပ်တဲ.နေရာ ရှာမတွေ.လို.ပါ......ကျေးဇူးပြုပီး ဖြေကြားပေးပါနော်
ဒီလိုမေးထားတာ ဒါပါနဲ့ဆို သုံးယောက်လောက် ရှိပြီထင်ပါတယ်.. အရင်မေးခဲ့တဲ့သူတွေတုန်းက ပြန်မဖြေဖြစ်ခဲ့ဘူး.. ဘာလို့လဲဆိုတော့ လုပ်စရာတွေများနေလို့ ဒီနည်းကို မစမ်းသပ်ရသေးပဲ ရမ်းသမ်းပြီး မပြောရဲလို့ပါ..။ ဒီနေ့တော့ ကိုယ်တိုင်စမ်းသပ်ပြီးမှ အဆင်ပြေလို့.. (ဒီနေ့တော့ ကျနော့်စက်မှာ ဖြုတ်လိုက်တဲ့ ဝင်းဒိုးကို အသစ်ပြန်တင်ရတော့မှာပါ..) ဒီလုပ်နည်းကို ပြန်လည်မျှဝေလိုက်ပါတယ်.. Windows7 နှစ်ခုပဲ ဖြစ်ဖြစ်၊ သုံးခုပဲဖြစ်ဖြစ် ဒီနည်းနဲ့ ဖြုတ်ပစ်လို့ ရပါတယ်..။ ကျနော့်စက်မှာ Windows8 နဲ့ဆို ဝင်းဒိုးသုံးခု တင်ထားတာပါ..။ အခု ဝင်းဒိုးတစ်ခုပဲ ရှိပါတော့တယ်..။ ဒီနည်းနဲ့ မလုပ်ခင် ကျနော် ဝင်းဒိုးဖွင့်ထားရင်းနဲ့ အထဲက ဝင်းဒိုးရဲ့ Drivers တွေရှိတဲ့နေရာ၊ Partition ခွဲတဲ့ နေရာကနေ ဝင်ပြီး Format ချကြည့်ပါသေးတယ်..။ အဆင်မပြေပါ.. နောက်ထပ်လုပ်လို့ ရမယ်ထင်တဲ့ နေရာတွေကနေ လျှောက်စမ်းကြည့်သေးတယ်..။ မရပါဘူး..။ အခုဒီနည်းကို ကျနော်စဉ်းစားရင်းနဲ့မှ စမ်းသပ်ပြီး အောင်မြင်လို့ ပိုစ့်အဖြစ် ပြန်လည်တင်ပေးလိုက်ပါတယ်..။ မနေ့က Cbox မှာ ရေးခဲ့တဲ့အစ်ကိုနဲ့ တခြား ဒီလိုလုပ်ချင်နေတဲ့ သူများအတွက် အမြန်ဆုံး အဆင်ပြေအောင် ဒီပိုစ့်ကို ဒီနေ့ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကမခက်ပါဘူး.. ဒါပေမယ့် Windows7 ပဲဖြစ်ဖြစ်၊ Windows Vista ပဲဖြစ်ဖြစ်၊ XP ပဲဖြစ်ဖြစ် ဝင်းဒိုးခွေတခွေရှိဖို့ လိုအပ်ပါတယ်..။ အခွေမဟုတ်ရင်လည်း Boot တက်တဲ့ ဝင်းဒိုးခွေ ထည့်ထားတဲ့ USB တချောင်း လိုအပ်ပါတယ်..။ ဒါမှ ဒီနည်းကို အသုံးပြုလို့ ရမှာပါ..။ ဘာလို့လဲဆိုတော့ ဝင်ဒိုးတင်တဲ့ အတိုင်း သွားပြီး Hard Disk ကိုအပိုင်း ခွဲတဲ့နေရာ၊ Format ချတဲ့ နေရာကို ရောက်မှ မိမိတို့ဖျက်ချင်တဲ့ ဝင်းဒိုးရှိတဲ့ Partition အပိုင်းကို ဖျက်ပစ်မှာပါ.. Windows တင်ဖူးတဲ့သူများကတော့ ဒီလောက်ပြောရင်ကိုပဲ လုပ်တတ်နေလောက်ပါပြီ..။ ဝင်းဒိုးမတင်ဖူးသေးတဲ့ သူများနဲ့ တခြားမလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ပြထားပေးပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာဆက်ကြည့်ပေးပါ..။
အရင်ဆုံး မိမိတို့ ကွန်ပျူတာကို ဖွင့်ပါ.. ပြီးရင် မိမိတို့ ဖျက်ပစ်ချင်တဲ့ ဝင်းဒိုးရှိတဲ့ Partition အပိုင်း (C:)(D:)(E:)(F:) တွေရဲ့ GB ကိုအရင်မှတ်ထားပါ..။ ဘယ် Drive က ဘယ်လောက် GB ရှိလဲဆိုတာ 50 GB, 60 GB စသဖြင့် အရင်မှတ်ထားပါ..။ မိမိတို့ ဖျက်ပစ်ချင်တဲ့ ဝင်းဒိုးတင်ထားတဲ့ အပိုင်းကို အဓိက မှတ်သားထားပါ..။ ပြီးရင် ဝင်းဒိုးခွေ ထည့်ပါ..။ ဒါမှမဟုတ် ဝင်းဒိုးထည့်ထားတဲ့ Boot တက်တဲ့ USB ကို USB ပေါက်မှာ တပ်ပါ..။ ပြီးရင် စက်ကို Restart ချပေးပြီး မိမိတို့ စက်ရဲ့ Boot မီနူးထဲကို ဝင်တဲ့ ကီးဘုတ်မှ F2, F12, Del မိမိတို့စက်ပေါ်လာတဲ့ စာသားအတိုင်း နှိပ်ပြီး ဝင်သွားလိုက်ပါ..။ အဲထဲမှာ ဝင်းဒိုးခွေအတွက်ဆို CD/DVD ကို ရွေးပါ.. USB နဲ့ဆို USB ဆိုတဲ့ စာသားကို ရွေးပေးပြီး F10 >> Enter ခေါက်ပြီး ဝင်းဒိုးခွေထဲကို ဝင်သွားလိုက်ပါ..။ အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. ပေါ်လာတဲ့ ဘောက်စ်လေးတွေမှာ အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့်နှိပ်သွားလိုက်ပါ..။