..စမ်းသပ်ခြင်းဖြစ်နေလို့ ကိုယ်ပိုင်းပိုစ့်တဗုဒ်မှမပါဘူးခင်ဗျာ တဆင့်ပြန်ရှယ်တာမို့ သီးခံအကြံပေးကျပါခင်ဗျာ ချမ်းမြေ့ပါစေ


လာရောက်လည်ပတ်သူအားလုံးကိုဗေဒါအိုင်တီနည်းပညာစမ်းသပ် ခြင်းမှထူးကျေးဇူးတင်ရှိပါတယ်ခင် ဗျာ



glitter-graphics.com
glitter-graphics.com

Tuesday, May 28, 2013


(သက်(၃၀)မတိုင်ခင် လူတိုင်းဖတ်သင့်တဲ့ နိုင်ငံတကာ စာအုပ်များစာရင်း မှာပါတဲ့ The Art Of War by Sum Tzu ရဲ့ဘာသာပြန်စာအုပ်လေးပါ။
ဆွန်ဇူး၏ စစ်ပညာကျမ်း (Art of War) ကို စစ်ရေးစစ်ရာများ တက် သိ ကျွမ်းကျင်ဖို့ထက် စီးပွားရေးလောကမှာ အောင်မြင်ဖို့ အဖတ်အရှုများသလို၊ အစိုးရ (အုပ်ချုပ်ရေး) အကြောင်း ရေး ထားသည့် မက်ခီးယားဗဲလီး၏ မင်းသား ( The Prince ) ကိုလည်း စီးပွားရေးလုပ်ငန်းတစ်ခု အတွက် လမ်းညွှန်အဖြစ် အသုံးပြုနေကြတာများပါသည်။
ထို့အတူ ဤစာအုပ် ကိုလည်း စီးပွားရေး လုပ်ငန်းတစ်ခု အတွက် ထိရောက်အောင်မြင်သော ဖန်တီးရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန် အသုံးပြုနိုင်၏..
ထို့ကြောင့် ကျနော်သူငယ်ချင်းများ အဆင်ပြေလွယ်ကူစွာ ဖက်ရှုနိုင်ရန်ကျနော်မှာ ဆွန်ဇု ၏ စစ်ပညာကျမ်း ဘာသာပြန်စာအုပ်မှ အခန်းလိုက် ကူယူဖော်ပြပေးသွားပါမည်။
ဆွန်ဇု အတ္ထုပ္ပတ္တိ (ကောက်နုတ်ရေးသားချက်)
စွတ်မာချန်ဒ
(တရုတ်ပြည်သမိုင်းမော်ကွန်းတင်ပညာရှင်)
ဆွန်ဇု၏ အမည်ရင်းကာ ဆွန်ဝူဖြစ်၏။ချီနိုင်ငံ ဇာတိတည်း။ဆွန်ဇုသည် စစ်ပညာကျမ်းဖြင့် ဝူဘုရင်ဟိုဠူထံ ဆက်သ အခစားဝင်၏။ဝူဘုရင်ဟိုဠူက အဆွေတော်၏ စစ်ပညာကျမ်းပါ ၁၃ခန်းကို ငါကိုယ်တော်တိုင် ဖက်ရှုပြီး ဖြစ်၏။စစ်သည်နည်းနည်းဖြင့် အစမ်း သရုပ်ပြ၍ ရနိုင်ပါ၏လော ဟုမေးတော်မူ၏။
ရနိုင်းကြောင်းပါ ဟု ဆွန်ဇုက လျှောက်၏။မင်းကြီးက 'မိန်းမသားများနှင့်ကော စမ်းပြနိုင်ပါ၏လော" ဟုမေးလာပြန်၏။
"အရှင်မင်းကြီး ရနိုင်ပါ၏" ဟုဆွန်ဇုက ပြန်ဖြေ၏။
သို့နှင့် အမိန့်တော်အရ စီစဉ်လေ၏။ နန်းတွင်းမှာ မောင်မ အပျိုတော်ရံ တစ်ရာ့ရှစ်ဆယ်ယောက်ကို စုမိ၏။ဆွန်ဇုက နှစ်စုခွဲလိုက်၏။တပ်တစ်စုစီကို ဘုရင့်အချစ်တော် မိဖုရာငယ်တစ်ပါးစီ အသီးသီး ဦးစီးစေပြီး အားလုံးးကို ကိုယ်စီကိုယ်ငှလှံများ ကိုင်ဆောင်စေ၏။ဆွန်ဇုက "အသင်တို့သည် အသင်တို့၏ ရင်ဝရှေ့တည့်တည့်၊ဘယ်လက်၊ ညာလက်နှင့် နောက်ကျောတို့ကို သိကြပါ၏လော"ဟု မေး၏။
"သိပါ၏" ဟုအပျိုတော်ရံ မောင်းများက ဖြေ၏။
"ရှေ့ကြည့်ဆိုလျှင် ရင်ဝ ရှေ့တည့်တည့်ကို ကြည့်ပါ။ ဘယ်ကြည့်ဆို ဘယ်လက်ဘက်ကို ကြည့်၊ ညာကြည့်ဆို ညာလက်ဘက်ကိုကြည့်၊နောက်ကြည့်ဆို နောက်ကျောဘက် လှည့်ကြည့် " ဟု ဆွန်ဇုက မိန့်မှာ၏။
"သိပါပြီး" ဟုအပျိုတော်ရံ မောင်းမများ ကဖြေ၏။ဤနောက် စည်းကမ်းချမှတ် ပြဌာန်းပြီးသည်နှင့် ဓားကိုင်လက်မရွံ့သားများ ခန့်ထား၏။ အမိန့်စည်းကမ်းများကို အထပ်ထပ် အခါခါ ပြန်လည်ချပြ
ရှင်းလင်းပြန်လေ၏။
သို့နှင့်ညာဘက်ကြည့်ရန် စည်တီး အမိန့်ပေး၏။အပျိုတော်ရံမောင်းမများ ဟားတိုတ် ရယ်ကြကုန်၏။
"စည်းကမ်း ပြဋ္ဌာန်းခြင်း မပြက်သား၊ ရှင်းပြချက် မပီပြင် မမှတ်မိခြင်းသည် တပ်မှူး၏ အပြစ် ဖြစ်၏" ဟုဆွန်ဇုက မိန့်ဆို၏။
တဖန်း စည်းကမ်းပြဋ္ဌာန်းချက်များ အထပ်ထပ် အခါခါ ချပြရှင်းလင်းပြီးနောက် ဘယ်ဘက်ကြည့်ရန် စည်တီး အမိန့်ပေးပြန်၏။အပျိုတော်ရံ မောင်းမများလည်း တစ်ဖန် ဟားတိုတ်ရယ်ကြပြန်၏။
"စည်းကမ်း ပြဋ္ဌာန်းခြင်း မပြက်သား၊ ရှင်းပြချက် မပီပြင် မမှတ်မိခြင်းသည် တပ်မှူး၏ အပြစ်၊ ပြဋ္ဌာန်းချက် များ ပြက်သား ရှင်းလင်းပြီးနောက် စည်းကမ်း မလိုက်နာခြင်းသည် တပ်စုမှူးတို့၏ အပြစ်သာ ဖြစ်တော့ သည်"
သို့နှင့် တပ်စုမှူးနှစ်ယောက်စလုံးကို ကွပ်မျက်ရန် စီစဉ်လေတော့သည်။
ဝူဘုရင်ဟိုဠူသည် စင်မြင့်မှ ရှုစားနေလေရာ၊ မိမိမြတ်နိုးသော မိဖုရားငယ်နှစ်ပါးစလုံး အသတ်ခံရမည် ကို မြင်လေသော် အထိတ်တလန့်ဖြစ်ရပြီး ချက်ချင် အပါးတော်ဆက်သား အား တားမိန့်ပြန်စေ၏။
"ငါ ကိုယ်တော်မြတ်ကိုယ်တိုင် အဆွေတော် စစ်သူကြီး၏ စစ်ရေး ကျွမ်းကျင်ကြောင်းကို သိရပြီ ဖြစ်၏။ မိဖုရားငယ်များ မရှိက ငါကိုယ်တော်မြတ် စားမဝင်၊ အိပ်မပျော် ဖြစ်ရချေတော့မည်၊ ငါကိုယ်တော်မြတ်နိုးသော မိဖုရားငယ် နှစ်ပါးစလုံးအား မသက်ရန် မိန့်မှာတော်မူလိုက်သည်" ဟူ၏။
"အကျွန်ုပါသည် အမိန့်တော်အရ စစ်သူကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး ဖြစ်၏။ စစ်သူကြီးတို့ မည်သည် တပ်တွင်း၌ရှိမူ ရှင့်ဘုရင့် အမိန့်တော်များကို မနာခံရာသည်လည်း ရှိ၏ " ဟု ဆွန်ဇုက ပြန်လျှောက်၏။ သို့ဖြင့် တပ်စုမှူးများဖြစ်ကြသော မိဖုရားငယ် နှစ်ပါးစလုံးကို ကွက်မျက်လိုက်၏။
တစ်ဖန် နောက်လူလဲပြီး တပ်စုမှူးအဖြစ် ခန့်ထား၏။ စည်တီး အမိန့်ပေးပြန်သော်၊ အပျိုတော်ရံ မောင်းမ များသည် ဘယ်ညာ ရှေ့နောက်၊ဒူးတုတ်ခြေကွေး အကြိမ်ကြိမ် အလီလီ အားလုံး စည်းကမ်းတကျရှိပြီး အသံဗလံ မထွက်ရဲ ရှိကြလေသတည်း။
ထို့နောက် ဆွန်ဇုက မင်းကြီးထံ ဆက်သားစေလွှတ် လျှောက်ထားစေ၏။ "တပ်များ ညီညာစည်းကမ်းကျ ရှိပြီဖြစ်ကြောင်း အရှင်မင်းကြီး ကိုယ်တော်တိုင် ကြွရောက် ရှုစားနိုင်တော်မူပါကြောင်း အရှင်မင်းကြီး စိတ်တိုင်းကျ အသုံးတော် ချနိုင်မည် ဖြစ်ပါကြောင်း၊ မီးထဲ ရေထဲ ဆင်းခိုင်းလျှင်လည်ဒ အမိန့်တော်အတိုင်း နာခံကြလိမ့်မည် ဖြစ်ပါကြောင်း" လျှောက် ထားစေသတည်း၊။
"အသင် စစ်သူကြီး၊ အဆောင်တော်သို့ ပြန်နားနေနိုင်ပါပြီ၊ ငါကိုယ်တော်မြတ် ကိုယ်တိုင်ကြွရောက် ရှုစားတော်မူရန် ဆန္ဒ မရှိတော့" ဟု ဝူဘုရင်ကြီးက မိန့်မှာ၏။
"အရှင်မင်းကြီးသည် အပြောသာနှစ်သက် သဘောကျတတ်သူတည်း၊ စစ်ပညာသဘောကို လက်တွေ့ အသုံးမချတတ်ပါပေ" ဟု ဆွန်ဇုက ကောက်ချက်ချ၏။
ဝူဘုရင်ဟိုဠူသည်လည်း ဆွန်ဇုမှာ စစ်ပညာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်း ကောင်းကောင်း သိရပြီးလေသော် စစ်သူကြီး အဖြစ်ခန့်အပ်လိုက်လေသည်။
ဝူနိုင်ငံသည် ၎င်း၏အနောက်ဘက်ပိုင်းရှိ အင်အားကြီးမားသော ဆူနိုင်ငံကို အောင်နိုင်ခဲ့ပြီး ၎င်းမြို့တော် ယင်းမြို့ကိုလည်း တစ်ချိန်တွင် လက်ရ သိမ်းပိုက်ထားနိုင်ခဲ့လေးသည်။ မြောက်ပိုင်းရှိ ချီနိုင်ငံနှင့် ကျင့်နိုင်ငံ တို့အပေါ်လည် သြဇာအရှိန်အဝါ ကြီးစွာ လွှမ်းမိုးနိုင်ခဲ့လေသည်။
ဝူဘုရင် ဟိုဠူသည် မြို့ပြနိုင်ငံများ အကြား ဂုဏ်သတင်း သြဇာတိက္ကမ ကြီးမားခဲ့လေသည်။ဤသည်တို့တွင် ဆွန်ဇု၏ ကြိုးပမ်း စွမ်းဆောင်မှုများ ပါဝင်နေကြောင်း ထင်ရှားလှပေသတည်း။
************** ************** ************** **************
(စစ်ရေးသည် တိုင်းပြည်အတွက် အရေးအကြောင်းကိစ္စရပ်ကြီး ဖြစ်သည်။သေရေး ရှင်ရေးအပေါ် အခြေတည်ပြီး တည်တံ့ခိုင်မြဲရေးနှင့် ပျက်သုဉ်းရေးအကြောင်းတရားဖြစ်ပေသည်)
အခန်း(၁)
စစ်ရေးပဏာမ သုံးသပ်ခြင်း
ဆွန်ဇုက ဤသို့ မိန့်ဆို၏-
စစ်ရေးသည် တိုင်းပြည်အတွက် အရေးအကြောင်း ကိစ္စရပ်ကြီးဖြစ်သည်။ သေရေးရှင်ရေးအပေါ် အခြေ တည်ပြီး တည်တံခိုင်မြဲရေးနှင့် ပျက်သုဉ်ရေး အကြောင်းတရားဖြစ်ပေသည်။ ထို့ကြောင် မဖြစ်မနေ ဆင်ခြင် ဆန်းစစ် လေ့လာ ဂရုပြုရမည်။
စစ်ရေးအခြေအနေကို ကောင်းစွာ သိမြင်ရန်အလို့ငှာ ရန်သူနှင့် မိမိတို့ဘက်ရှိ အကြောင်းရပ်ကြီး ငါးချက်အပေါ် အခြေတည်ပြီး စီမံကြံစည် လှုပ်ရှားမှုများကို
နှိုင်းယှဉ် သုံးသပ်တတ်ရမည်။ ယင်းတို့ကား-
၁။ ကျင့်ဝတ်တရား
၂။ ဥတု အာကာ သဘာဝ
၃။ ပထဝီ မြေအနေအထား
၎။ ခေါင်းဆောင်တပ်မှူး
၅။ စည်းကမ်းဥပဒေတို့ ဖြစ်ကြ၏။
ကျင့်ဝတ်တရား ဆိုသည်ကား အုပ်စိုးသူ တို့အနေနှင့် ကောင်းမြတ်သော ကျင့်ဝတ်တရား များနှင့် ပြည့်စုံ ညီညွတ်ပြီး ပြည်သူပြည်သားများအား အထက်နှင့်အတူစိတ်ရင်း သဘောရင်း တစ်သားတည်း ကျရောက်နေစေခြင်း ကို ဆိုလို၏။ ဤသို့အားဖြင့် ပြည်သူတို့ကိုအုပ်စိုးသူ တို့က စေလိုရာ စေစားနိုင် ပြီး သေအတူ ရှင်မကွာအခက်အခဲအန္တရာယ်များ မမှုပဲ စွန့်လွှတ်စွန့်စား ရဲရဲ ရင်ဆိုင်လာကြ လိမ့်မည် ဖြစ်သည်။
ဥတု အာကာ သဘာဝဆိုသည်မှာ နေ့နှင့်ည အပါအဝင် တရုတ်လိုအခေါ် ယင်းဓာတ်(မဓာတ်/သီတ)နှင့် ယန်းဓာတ်(ဖိုဓာတ်/ဥဏှ)၊ အပူအအေး၊ ဥတုရာသီနှင့် အချိန်အခါ ကာလတို့ကို ခြုံ၍ ဆိုလိုခြင်း ဖြစ်သည်။
ပထဝီ မြေအနေအထား ဆိုသည်မှာ အနီးအဝေး၊ အန္တရာယ် ကျရောက်နိုင်သော အရေးပါသည့်နေရာနှင့် လုံခြုံ လွယ်ကူ ချောမွတ်သည့်နေရာ မြေပြင် အကျဉ်းအကျယ်၊ သေရေးရှင်းရေးကိန်းဆိုက်ရာ
မြေအနေအထားတို့ကို ဆိုလို၏။
ခေါင်းဆောင်တပ်မှူး(ခေါ်)စစ်သူကြီးတို့ မည်သည်ကား ဉာဏ်ပညာကြီးမှု၊ကတိသစ္စာရှိမှု၊ မေတ္တာအကြင်နာ ရှိမှု၊ ရဲစွမ်းသတ္တိ ရှိမှု၊ တည်ကြည်ပြက်သား စည်းကမ်းကြီးမှု စသည့်အရည်အချင်းများနှင့် ပြည့်စုံရမည်ဟု ဆိုလို၏။စည်ကမ်းဥပေဒဆိုသည်မှာ တပ်များစနစ်တကျ ဖွဲ့စည်းအုပ်ချုပ်တည်ဆောက်မှု၊ အရာရှိ အရာထမ်းများ ခန့်အပ်စီမံမှု၊ စစ်ပစ္စည်း ရိက္ခာ ထိန်းသိမ်းခွဲဝေသုံးစွဲမှု တို့ကိုဆိုလို၏။
အထက်ပါ အချက်ကြီး ငါးရပ်တို့ကို စစ်သူကြီး(ခေါ်) ခေါင်းဆောင်တပ်မှူးတိုင်းမဖြစ်မနေ နားလည် သိထား အပ်ပေသည်။၎င်းအကြောင်းအချက်တို့ကို ကောင်းစွာ အပြည့်အဝ နားလည်သိရှိပါက စစ်ပွဲကို အောင်နိုင် ရာ၏။မသိ နားမလည်သူတို့ကားစစ်ပွဲမအောင်နိုင်ရာ။
ထို့ကြောင့် အထက်ပါ အချက်ကြီး ငါးရပ်နှင့်အညီ နည်းဗျူဟာများကို ရှာကြံ ချမှတ်ရာမှ အောက်ပါ အခြေ အနေ အရပ်ရပ်တို့ကို နှိုင်းယှဉ်လေ့လာသုံးသပ် ဆင်ခြင်တတ်ရပေမည်။ ယင်တို့သည်ကား -မည်သည့် ဘက်က အုပ်စိုးသူတို့တွင် ကျင့်ဝတ်တရား ပြည့်ဝမှန်ကန် ကျင့်ကြံအားထုတ် သနည်း။မည်သည့် ဘက်က စစ်သူကြီးတို့တွင် လက်ရုံးရည်၊နှလုံးရည်ပြည့်စုံထက်မြတ်သနည်း။ ဥတု အာကာသဘာဝ အခြေအနေနှင့် ပထဝီ မြေအနေအထားများနှင့် ပက်သက်၍ မည်သည့်ဘက်က အခွင့်အလမ်းသာသနည်း။
အမိန့် စည်းကမ်းဥပဒေများကို မည်သူဘက်က တင်းကျပ်စွာ ပြဋ္ဌာန်းလိုက်နာ ကျင့်သုံးသနည်း။ မည်သည့် ဘက်က တပ်အင်အား ပိုမိုများပြား ကြံခိုင်အားသာသနည်း။စစ်သည်များကို မည်သည့်ဘက် က ကောင်းစွာ စစ်ရေးလေ့ကျင့်ထားသနည်း။ဆုပေး၊ ဒဏ်ပေးစနစ်ကို မည်သူ့ဘက်က မှန်ကန်တော်လျော်စွာ ကျင့်သုံး သနည်း။အထက်ပါ နှိုင်းယှဉ်လေ့လာချက်များအရသုံးသပ်စိတ်ဖြာလိုက်လျှင် မည်သူ့ဘက်က နိုင်မည်၊ ရှုံးမည်ကို ကျွန်ုပ်တို့ ကြိုတင်ခန့်မှန်း သိရှိနိုင်လောက်ပေပြီး။
ကျွန်ုပ်၏ အကြံဉာဏ်ကို အရှင်းမင်းကြီး လက်ခံအသုံးပြုပါက စစ်ပွဲ သေချာအောင် နိုင်မည်ဖြစ်၍ ကျွန်ုပ် လည်း ဆက်လက်နေထိုင် ခစားသွားနိုင်မည်။ ကျွန်ုပ်၏ အကြံဉာဏ်ကို လက်မခံပဲ စစ်တိုတ်ပါက
ကျိန်းသေ ရှုံးနိမ့်လိမ့်မည် သိသည်အလျောက် ကျွန်ုပ်လည်း မနေလိုဘဲ ထွက်ခွာသွားမည်သာဖြစ်သည်။
(တစ်နည်း အဓိပ္ပာယ်ဖွင့် ပြန်ဆိုခြင်း တပ်မှူးများသည် ကျွန်ုပါ၏ အကြံညာဏ် အတိုင်း လိုက်နာကျင့်သုံး ပါက အောင်ပွဲများ ရယူနိုင်မည် ဖြစ်သည့် အလျောက် ဆက်လက်တာဝန်ထမ်းဆောင်ပါစေလေ။ကျွန်ုပ်၏
အကြံဉာဏ်များကို လိုက်နာကျင့်သုံးခြင်း မရှိသော တပ်မှူများကို အသုံးချပါက မုချရှုံးပွဲနှင့် ရင်ဆိုင် ရပေတော့မည် ဖြစ်၍တာဝန် ပေးခန့်အပ်ခြင်း မပြုပါနှင့်တော့)
အကျိုးရှိသော အကြံဉာဏ်ကောင်းများကို လက်ခံကျင့်သုံးနိုင်ခြင်းအားဖြင့် အနေအထားကောင်း တစ်မျိုး တစ်ဖုံးကို ဖန်တီးပေးရာရောက်လေရာ၊ စစ်ရေးလှုပ်ရှားမှုကို တစ်ဘက်တစ်လမ်းကနေလည် အထောက် အကူပြုရာရောက်ပေသည်။ဤမည်သော အနေအထားဆိုသည်ကား မိမိအတွက် အကျိုးရှိသောအခြေပေါ် တည်မှီ၍ စစ်၏လက်ဦးမှုကို အခြေအနေနှင့် လိုက်လျောညီထွေ လိမ္မာပါးနပ်စွာ အမိအရ ကိုယ်တွယ် စီးမံနိုင်ရာ၏ဟု ဆိုလိုပေသည်။
စစ်ရေးစစ်ရာဟူသည်ကာ ပရိယာယ်လှည့်စားမှုအပေါ် အခြေတည်၏။ထို့ကြောင့် တိုတ်နိုင်သည်ကိုလည်း မတိုတ်နိုင်ဟန်ဆောင်ပါ။စစ်ကစား လှုပ်ရှားနေသည်ကိုလည် မလှုပ်မရှားလေဟန် လှည့်စားပါ။
နီးရာ ကိုကြံပြီး ဝေးရာကို မှန်းသယောက်လှုပ်ရှားပါ။ လှမ်းရာကို ကြံပြီး နီးရာကို မှန်းသယောင် လှည့်စားပါ။ ရန်သူ့အကြိုက် မက်လုံးပေး မြှူဆွယ်ပါ။ ရန်သူ့တပ် ဗရမ်းဗတာဖြစ်လျှင် ဝင်စီးပါ။
ရန်သူ အးကြီး လျှင် လုံးခြုံအောင်အသင့် ပြင်ထားပါ။ရန်သူ အင်အားတောင့်တင်းလျှင် ရင်ဆိုင် တိုတ်ရန် ရှောင်းရှားပါ။ ရန်သူ စိတ်ဆက်တိုလွယ်လျှင် ဒေါသပုန်ထ စိတ်ရှုပ်အောင် ဆွပေးပါ။ ရန်သူ့စိတ် သိမ်ငယ်
နေလျှင် အထင်ကြီး စိတ်ကြီးဝင်အောင် လုပ်ပါ။ ရန်သူတို့ သက်သာငြိမ်ဆိတ်နေပုံရှိလျှင် စိတ်ပန်း လူပန်းဖြစ်အောင် လုပ်ပါ။ ရန်သူ့တပ်တွင်း စည်းစည်းလုံးလုံး ရှိလျှင် သွေးခွဲ သက်လျှိုပါ။
ရန်သူ့ ဘက်က အသင့်ပြင်ဆင်ထားခြင်း မရှိသောနေရာကို ရွေးတိုတ်ပါ။ ရန်သူတို့ မျှော်လင့်မထားသော အချိန်ခါ နေရာကနေ အလစ်ထွက်တိုတ်ပါ။ ဤသည်တို့ကား စစ်ရေးစစ်ရာ အောင်နိုင်ရေးအတွက် နည်းပရိယာယ်များတည်း။ စီရင်လှည့်စားမှုကို ကြိုတင် ပုံသေကားကျ ပြောပြထား၍ မရနိုင်ချေ။
စစ်မတိုက်မီကပင် အောင်ပွဲရနိုင်ကြောင်းကြိုတင် ခန့်မှန်း သိရှိနိုင်ခြင်း အကြောင်းကားကြိုတင် တွက် ချက်ပြင်ဆင်မှု စေ့စပ်သေချာပြီး အောင်ပွဲရ အခြေအနေများ အပြည့်အဝဖန်တီးထားနိုင်သောေ ကြာင့် ဖြစ်ရာ၏။
စစ်မတိုင်မီကပင် မအောင်နိုင်ကြောင်းကြိုတင် ခန့်မှန်းသိရှိနိုင်ခြင်းမှာ ကြိုတင်တွက်ချက်ပြင်ဆင်မှု အားနည်းပြီး အောင်ပွဲရ အခြေအနေ ဖန်တီးမှု မလုံးမလောက်သောကြောင့်ဖြစ်ရာ၏။ကြိုတင် တွက် ချက်ပြင်ဆင်မှု များများပြည့်စုံလေ၊အောင်ပွဲရနိုင်လေ ဖြစ်သည်။ကြိုတင် မတွက်မချက် မပြင်ဆင်သော် အဘယ်သို့သော် အောင်ပွဲကိုမျှ ဧကန်မရနိုင်။အထက်ပါတို့ကို ထောက်ရှု့လေ့လာခြင်းအားဖြင့် အရှုံးအနိုင် အခြေအနေကို ပေါ်လွင်ထင်ရှားစွာ ကျွန်ုပ်တို့ သိရှိနိုင်မည် ဖြစ်သတည်း။
အပိုင်း -၂ ကို ဆက်လက်ဖက်ရှုရန်

No comments:

Related Posts Plugin for WordPress, Blogger...